မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ဆရာကြီး ကွယ်လွန်သွားမှုကို သူ့ရဲ့သမီးဖြစ်သူက လူမှုကွန်ရက်ကတဆင့် အသိပေးထားတာ ဖြစ်ပါတယ်။

မြန်မာစာအရေးအသားပိုင်းနဲ့ ပတ်သက်ပြီး အထူးပြုရေးသားခဲ့သူ ဆရာ မောင်ခင်မင်(ဓနုဖြူ)ဟာ ကွယ်လွန်ချိန်မှာ အသက်၈၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

၁၉၄၂ ဇန်နဝါရီ ၂ရက်၊ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာ မွေးဖွားခဲ့သူ ဆရာ မောင်ခင်မင်(ဓနုဖြူ)ဟာ  မြန်မာစာပေနဲ့ပတ်သက်တဲ့ စာအုပ် ၃၀နီးပါး ရေးသားခဲ့ပါတယ်။

ဆရာ မောင်ခင်မင် (ဓနုဖြူ) ဟာ ၂၀၀၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ မြန်မာစာပါမောက္ခအဖြစ် အငြိမ်းစားယူခဲ့ပြီး မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

နတ်သံကွင်း – ကျောက်ကြီးလမ်းကို သိမ်းပိုက်ဖို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ရော လေကြောင်းကပါဗုံးကြဲတိုက်ခိုက်နေဟု ကေအဲန်ယူ ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူနယ်မြေအတွင်းက နတ်သံကွင်း-ကျောက်ကြီးကားလမ်းမကို သိမ်းပိုက်နိုင်ဖို့အတွက် အကြမ်းဖက်စစ်တပ်က အင်အားသုံးစစ်ကြောင်းထိုးနေသလို လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သားပြည်သူ (၂)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်(၄၄)လုံး ပျက်စီးခဲ့တယ်လို့ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်မှာ စစ်ကောင်စီ ဆယ်ဘီးကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြို့သာစက်မှုဇုန်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဆယ်ဘီးကား ၁စီးကို ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မဲခေါင်မြစ်အနီး မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (NDAA) ၏ မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မဲခေါင်မြစ်အနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ မိုင်းလားတပ် NDAA ရဲ့ မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံတွေကတဆင့် မှတ်တမ်းရယူထားနိုင်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်ကရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့နေ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။