မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၂၅ရက်၊ နေ့လယ်ပိုင်းက ဆိပ်ဖြူမြို့ ဆုံစည်းရာ စားသောက်ဆိုင်ကနေ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) တပ်ကြပ်ကြီး အောင်ကြည်ဆန်းနဲ့ ကျန်း‌မာရေးဌာနက Non CDM ၀န်ထမ်း(၃)ယောက်ကို ဆိပ်ဖြူ ၊တညောင်လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုကို တပ်ကြပ်ကြီး အောင်ကြည်ဆန်းက လက်မခံဘဲ ကိုယ်ထိလက်‌ရောက် ပြန်လည်တုံ့ပြန်တဲ့အတွက် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁)ထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။

“သူတို့က ဆုံစည်းရာ စားသောက်ဆိုင်ကနေ သောက်စားပြီး ပြန်လာကြတာ။ တပ်ကြပ်ကြီးရယ် Non CDM ကျန်းမာရေးဝန်ထမ်း ၃ယောက်ရယ်၊ ကလေး၁ယောက်ရယ် လာကြတာပါ။ ကျနော်တို့က သတင်းရထားလို့ လမ်းကစောင့်တားတော့ ကျန်တဲ့သူတွေက ဝမ်းလျားတန်းမှောက်တယ်။ တပ်ကြပ်ကြီးကပဲ ကျနော်တို့ သေနတ်ကို ဆွဲဆွဲလုတယ်။ ကျနော်တို့က သူ့ကိုဘာမှမလုပ်ဘူး။ စစ်စရာရှိလို့ အေးဆေးလိုက်ခဲ့လို့ဆိုတာကို လက်မခံဘူး။ ဒီလိုနဲ့ အချိန်က သိပ်မရတာရယ် အဲ့လမ်းက လူသွားလူလာများတာရယ်ကြောင့် အဲ့မှာတင် ရှင်းလင်းခဲ့တာပါ။” လို့ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁)ထောက်လှမ်းရေး က ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ကပစ -၂၁ တပ်ကြပ်ကြီး အောင်ကြည်ဆန်း

တပ်ကြပ်ကြီးကို ရှင်းလင်းပြီးတဲ့နောက် အတူပါလာတဲ့ Non CDM ကျန်းမာရေးဝန်ထမ်းတွေကို CDM လုပ်ဖို့ တိုက်တွန်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်ကြပ်ကြီး အောင်ကြည်ဆန်းဆီက လက်ကိုင်ဖုန်း၁လုံးနဲ့အတူ သက်ဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ဆိုင်ကယ်၁စီးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။

“ပထမတစ်ခေါက် ကျနော်တို့ သူ့ကို ဖုန်းတွေဘာတွေဆက်ပြီး သတိပေးသေးတယ်။ ဖမ်းမိတဲ့နေ့ကလည်း သူ့ကိုခေါ်လာမယ်။ မေးစရာရှိတာ မေးမယ်။ စစ်စရာရှိတာ စစ်မယ်။ အထက်ကခွင့်ပြုရင် ပြန်ပို့မယ်။ အဲ့လိုစီစဥ်ထားပေမယ့် သူကခုခံလို့ ရှင်းခဲ့တာပါ။ သူ့ရဲ့စာရွက်စာတမ်းတွေအရ ကပစ ၂၁ မှာ တော်တော်အရေးပါတဲ့သူလို့ ပြောရပါမယ်။” လို့ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ်(၄) တပ်ရင်းရဲ့တပ်ခွဲ (၁ )(၂)(၃)တို့ ပူးပါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော်မှာ တိုက်ပွဲတွေဖြစ်ပွားနေ

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော် ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စစ်တမ်းမှာ ဖော်ပြလာပါတယ်။
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA ၏ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနား

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF /DPLA ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဇွန်လ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီး၊ ထန်းပုရွာ ဘုန်းကြီးကျောင်းကို စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။
Read More

ပုဂံမြို့သစ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းခေါင်စာရင်းကောက်နေစဉ် ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ် အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဆော်လီ (ခ) နိုင်နိုင်ထွန်းဆိုသူဟာ သန်းခေါင်စာရင်းကောက်နေချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။