အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဆင်နွှဲနေပြီး စစ်ကောင်စီစခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြာင်းကို သတင်းထုတ်ပြန်ထားပါတယ်။ 

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဇန်နဝါရီ ၂၇ ရကိ မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီတပ်တချို့လည်း ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA က အသိပေးထားပါတယ်။

အလားတူ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းမ (ဂုတ်စီးရိုးကျေးရွာအနီး)မှာ  စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနဲ့ အာရက္ခတပ်တော် AA တို့  ဇန်နဝါရီ ၂၇ရက်မှာ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ AA ကနေ ရခိုင်ရိုးမတောင်တန်းတလျှောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။

“ဂုတ်စီးရိုးစခန်းကိုလည်း  AA က ရသွားပြီ.. ဒါပြီးရင် တုန်းဟီးစခန်းရှိမယ်… အဲ့ဒါပြီးရင်တော့ နတ်ရေကန်ပေါ့နော် အဲ့ဒါပြီးရင်တော့ အဆင်းလမ်း ပုသိမ်-မုံရွာလမ်းဆုံကို ရောက်ပါပြီ… ဒါက မကွေးတိုင်းထဲအထိကို ဝင်ရောက်လာနိုင်တဲ့ အနေအထားမျိုးပါ၊ ဧရာဝတီကတော့ မော်တင်စွန်းအထိကို ဆက်ပြီး ချီတက်မယ့် သဘောရှိပါတယ်၊ ပဲခူးတိုင်း ပဒါန်း-ရွှေစက်တော်ဘက်မှာလည်း တိုက်ပွဲတွေ ပိုစိပ်လာနိုင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။ 

အခုလို  AA ကနေ နယ်စပ်စခန်းတွေကို စစ်မျက်နှာဖွင့်ပြီး တိုက်ခိုက်နေတာဟာ စစ်ကောင်စီရဲ့ အင်အားတွေကို ဘယ်ပို့ရမှန်းမသိအောင် စစ်ဗျူဟာလုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုပါတယ်။ 

“AA နဲ့အတူ ပူးပေါင်းတိုက်နေတဲ့ ဒေသခံတပ်ဖွဲ့တွေလည်းရှိပါတယ်… အဲ့ဒါတွေအတွက် လမ်းဖွင့်တာပေါ့နော်၊ လမ်းဖွင့်တယ်ဆိုတာက တဖက်မှာ စစ်ရေးအရှိန်တိုးထားလိုက်ရင် စစ်ကောင်စီက ကျန်နေတဲ့မြို့တွေကို အင်အားတိုးရမှာလား.. ဘယ်ကိုအင်အားတိုးရမှာလဲပေါ့နော် စကစက ဘယ်အကွက်ကို ရွှေ့ရမလဲ မသိအောင် စစ်မြူတာမျိုးလည်း ဖြစ်နိုင်ပါတယ်၊ ပြီးတော့ တစ်နေရာတည်းကနေ AA ချည်းပဲ တိုက်နေလို့ မရဘူးပေါ့နော်… တခြားနေရာတွေကပါ စစ်မျက်နှာဖွင့်မှ ဇောက်ချတိုက်နေတဲ့ AA အတွက်လည်း  လုပ်ရကိုင်ရတာ ပိုလွယ်မှာပေါ့” လို့ သူက ဆိုပါတယ်။

ဒါဟာ AA က ရခိုင်ပြည်နယ်ထဲက သိမ်းဖို့ကျန်နေတဲ့ မြို့ (၃) မြို့ကို အထိအခိုက် အပျက်အစီး အနည်းဆုံးအဖြစ် သိမ်းပိုက်နိုင်အောင် ဆောင်ရွက်နေတာလို့လည်း ဆိုပါတယ်။ 

AA ဟာ ရခိုင်ပြည်နယ်မှာ  မြို့ပေါင်း  ၁၇ မြို့နယ်ရှိတဲ့အထဲက ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်နယ်မြို့တော် စစ်တွေနဲ့ ကျောက်ဖြူ၊ မာန်အောင်တို့ကို သိမ်းပိုက်ဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဂွမြို့ကို သိမ်းပိုက်အပြီး တွေ့ရတဲ့ AA တပ်ဖွဲ့ဝင်များ

ဗိုလ်ကြီးဇင်ယော်က “သိမ်းဖို့ကျန်တဲ့ မြို့တွေကလည်း စစ်ရေးအနေအထားအရဆို ဝိုင်းပတ်ပိတ်ဆို့ထားပြီးပြီဗျ၊ ပြောရမယ်ဆိုရင် ခြင်းထဲက ကြက် အနေအထားမျိုး ထားထားတာပါ” လို့ ပြောပါတယ်။  

တဖက်မှာလည်း AA တပ်တွေဟာ ရခိုင် ရိုးမတောင်တန်းအထက်က စစ်ကောင်စီတပ်စခန်းဖြစ်တဲ့  မိုးထိတောင်စခန်းကို ဇန်နဝါရီ ၂၁ရက် မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၅ ရက်ခန့်အကြာ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ ရခိုင်နယ်စပ် ဧရာဝတီတိုင်းအတွင်း အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ပွိုင့် (၂၆၃) စခန်းတိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေရယူကာ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် AA ရဲ့တိုက်ခိုက်မှုကြောင့် အဆိုပါစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားရတယ်လို့ ဖော်ပြထားပါတယ်။ ထိတွေ့တိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေအတွင်း AA က စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ်

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း သမိုင်းဝင်အရှုံးတွေကို သည်းညည်းခံရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ၎င်းရဲ့သက်တမ်းတလျှောက် အားအနည်းဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။
Read More

“နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး” (စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြန်လည်ပြောပြချက်)

ကိုမြင့်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ရွာဘက်မှာ နေထိုင်တဲ့အသက်၂၀ အရွယ် သာမာန်လူငယ်လေးတစ်ယောက်ပါပဲ။ စစ်ကောင်စီကိုသဘောမကျပေမယ့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ရာ ကိုမြင့်တစ်ယောက် မတတ်နိုင်ခဲ့ပါဘူး။
Read More

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို စစ်ကောင်စီ ဟန်ပြလုပ်ဆောင်ရင်း အရပ်ဘက် ကယ်ဆယ်ရေးသမားများကိုလည်း အာဏာပြတားဆီးနေ

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ အပေါင်းအပါတွေက ဟန်ပြလုပ်ဆောင်ရင်း အကူအညီပေးမယ့် အရပ်ဘက်ပရဟိတအဖွဲ့တွေကိုလည်း အာဏာပြစစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြန်မာ့ပြည်တွင်းစစ်ထဲမှာ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လို ဖျက်ဆီးခံနေရသလဲ

ပဋိပက္ခကာလ ငါးနှစ်နီးပါးရှိလာတဲ့အလျောက် ဒီပဋိပက္ခကြီးဟာ တိုင်းပြည်အနှံ့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်နေရာတွေကို ထိခိုက်မှုများစွာ ဖြစ်လာစေပါတယ်။ 
Read More

ပေါ်တာဆွဲခံရသည့် လူငယ် ၄ ဦး စစ်အုပ်စု အချုပ်ခန်းမှ ဘယ်လို ထွက်ပြေးလွတ်မြောက်ခဲ့လဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်အုပ်စုပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ အမျိုးသား လူငယ် ၄ ယောက် စစ်သင်တန်း ပို့ဆောင်ခြင်းမခံရခင် အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။
Read More

တစ်လတိတိ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေ သေသူသေ၊ ပြေးသူပြေးကာ သိမ်းပိုက်နိုင်ခဲ့တဲ့ မဲပလီဗျူဟာစခန်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စတင်တိုက်ခိုက်ချိန်က စပြီး ၁လတိတိအကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် (၂၇) စစ်ဗျူဟာနှင့် တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းကို ပြောပါတယ်။