ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း- ပဒါန်းလမ်းပိုင်းမှာ ၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ Chin Defense Force – Asho ရဲ့ သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်ကနေ ၂၅ ရက်အထိ ၉ ရက်တာအတွင်း အမ်း- ပဒါန်းလမ်းပိုင်းမှာ ရခိုင်စစ်မျက်နှာကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကြောင်းတွေကို Chin Defense Force – Asho က ပိတ်ဆို့တားဆီးရာကနေ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

Chin Defense Force – Asho ၏ ထုတ်ပြန်ချက်

” ဒီတစ်ခေါက် မိတာတွေကတော့ ပြန်ပြီးတိုက်ခိုက်တာမျိုးမရှိပါဘူး။ ဒါပေမယ့် အလင်းဝင်တယ်လည်း ပြောမရဘူး။ အလံဖြူထောင်လာတာ မဟုတ်တော့လေ။ မကွေးတိုင်းထဲအထိ ပြေးဖို့လုပ်တာမှာ ကျနော်တို့က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒါပေမယ့် သုံ့ပန်းဥပဒေအတိုင်းပဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်” လို့ Chin Defense Force – Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။

သူကပဲဆက်လက်ပြီး ” တိုက်ပွဲတွေမှာ သူတို့မနိုင်တော့လို့ လွတ်ရာ​လွတ်ကြောင်းပြေးလာတာတွေရှိသလို တပ်စွဲထားတဲ့စခန်းတွေကနေပြေးလာတာ​လည်းရှိပါတယ်။ သေနတ်ပါလာတာရော မပါပဲ လာတာရော ပြေးရင်းနဲ့ လွှတ်ပစ်လာတာမျိုးတွေရောပါ။ မိသားစုတွေတော့မပါကြပါဘူး။ အမြင့်ဆုံးတပ်ကြပ်အဆင့်တွေပါပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့အတူ MA -1 သေနတ် (၅)လက်၊ MA-2 သေနတ် (၁)လက်၊ MA-4(၁) လက်၊ MA-15 (၁လက်) တို့အပြင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

CDF-Asho က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
CDF-Asho က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
CDF-Asho က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ

လက်ရှိ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း ထိစပ်တဲ့နေရာတွေမှာ အာရက္ခတပ်တော် AA က စစ်ကောင်စီကို ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ အမ်း-ပဒါန်းလမ်းပိုင်းကတဆင့် ထွက်ပြေးတိမ်း​ရှောင်နေရပြီး မကွေးတိုင်းအနောက်ပိုင်း အခြေစိုက်တော်လှန်ရေးတပ်တွေကလည်း ဆုတ်ခွာလာတဲ့စစ်သားတွေကို ပိတ်ဆို့တိုက်ခိုက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

၇၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို MBT တပ်ဖွဲ့ ကျင်းပ…

“ဒီနေ့မှာ နောက်တန်းဌာနချုပ်ရှိ တပ်မှူးတပ်သားတွေနဲ့အတူ ဗိုလ်ချုပ်နဲ့ အာဇာနည် ၉ ဦးကို အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျားမဲအလံ တဝပ်လွှင့်ထူခြင်း၊ ကျဆုံးအာဇာနည်တွေကို အောက်မေ့သတိရတဲ့အနေနဲ့ ဥဩဆွဲခြင်း၊ တပ်ရင်းမှူး ဗိုလ်မိုက်ခဲက အမှတ်တရ စကားပြောကြားခြင်းတွေ ပြုလုပ်ခဲ့ပါသည်” လို့ MBT တပ်ဖွဲ့က ဆိုထားပါတယ်။
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ပြည်သူ​တွေရဲ့အ​ထောက်အပံ့နဲ့ သင်တန်းဆင်း ရဲ​ဘော်​တွေကို ယူနီဖောင်း ဆင်ပေးခဲ့…

တော်လှန်ပြည်သူ​တွေရဲ့ အ​ထောက်အပံ့နဲ့ စစ်သင်တန်းဆင်းမယ့် ရဲ​ဘော်​တွေကို ယူနီဖောင်းဝတ်စုံ ဆင်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် လေယာဉ်အစိတ်အပိုင်းနဲ့ နည်းပညာတွေ တင်သွင်းမှု စောင့်ကြည့်နိုင်တဲ့ ယန္တရားထူထောင်ပြီး ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုတိုက်တွန်း

မြန်မာနိုင်ငံကိုတင်သွင်းမယ့် လေယာဉ်ဆီတွေကို စောင့်ကြည့်နိုင်တဲ့ ယန္တရားတစ်ခု ထူထောင်ပြီး ထိရောက်တဲ့ စိစစ်မှုတွေပြုလုပ်ဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၀ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး(၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော် AA က လက်နက်တွေတပ်ဆင်ပေး

အာရက္ခတပ်တော်(AA)က ချင်းညီနောင်တပ်ဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ(တပ်မဟာ ၁)ကို စစ်လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့ကြောင်း မတူပီ (တပ်မဟာ ၁) က အသိပေးဖော်ပြလာပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ အခမ်းအနားနဲ့ လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Read More

ငါ့သရောက်တွင် စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်နေချိန် အရပ်သားများ ရောနှောသွားသဖြင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။