မန္တလေးတိုင်း မတ္တရာမြို့ပေါ်က တပ်မ ၆၆ တပ်သားတွေပါဝင်တဲ့ စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်ကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်ထံက သိရပါတယ်။

မတ္တရာမြို့နယ် အနောက်မြောက်ခြမ်းရှိ မြွေထိန်ပင်စောက်ကျေးရွာသို့ အင်အား ၁၀၀ နဲ့ လက်နက် ကြီးတွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ ၃  ယောက်သေပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရစစ်သားတွေကို မတ္တရာဆေးရုံသို့ ခေါ်ဆောင်သွားတယ်လို့ သိရပြီး တိုက်ပွဲဖြစ်ပွားရာ နေ ရာကို တော်လှန်ရေးပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ အလောင်း ၃ လောင်းနဲ့ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မတ္တရာမြို့နယ်ပကဖနဲ့ တပ်ပေါင်းစုတွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ် ကျောက်ပြုတ်ပျူစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၁၀ ဦးခန့်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ပျူစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ် သား အများအပြားသေဆုံးခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဓားစာခံ ၅၃ ယောက် ဖမ်းဆီးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အနီးကပ်တိုက်ခိုက်မှု စစ်ကောင်စီဘက်က ဒုတပ်ကြပ်အပါ အများအပြားသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကနေ မုံရွာနမခ ကို ဓားစာခံ ၅၃ ယောက်ဖမ်းဆီးပြီး ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းစစ်ဌာန နည်းဗျူဟာ (၂၉) အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီတိုင်းစစ်ဌာန နည်းဗျူဟာ (၂၉) အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းမှာ ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု ဒိုးနွယ်ရွာကို ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ စီးနင်းလာတဲ့ ဆိုင်ကယ်ယာဉ်တန်းကို ဒီဇင်ဘာ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ ရှေ့ထွက်မိုင်းနဲ့ ဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း သပိတ်မှောက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ်အတွင်း စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ General Strike Coordination Body က ထုတ်ပြန်ထားပါတယ်။