မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာ ပကဖ (TTA – PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ပျူစောထီးနဲ့ ရဲ စုစုပေါင်စ အင်အား ၆၀ ခန့် အထိုင်ချထားတဲ့ ဝဲလောင်တိုက်နယ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီ ၂၁ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

(ဓာတ်ပုံ TTA PDF)

ဝဲလောင်စခန်းအနီးဝန်းကျင်အထိ ဝန်းရံပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပေမယ့် ဆက်သွယ်ရေးတူးမြောင်းတွေ၊ ဘန်ကာကတုတ်တွေနဲ့ အခိုင်အမာ ခံစစ်ပြင်ထားခြင်း၊ ဂျက်ဖိုက်တာ ၊ Mi 35 ရဟတ်ယာဥ်တွေနဲ့ပါ လေကြောင်း ပစ်ကူပေးခြင်းတို့ကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TTA PDF က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို တောင်သာ ပကဖ နဲ့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ဦးဆောင်မှုနဲ့အတူ မိတ္ထီလာ ပကဖ၊ နေပြည်တော် ၈၀၁ တပ်ရင်း၊ မိုးမခ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ ရဲဘော်တွေကအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနား…

ချင်းကာကွယ်ရေးတပ် - အရွို (CDF -Asho) က ရဲဘော်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဇန္နဝါရီလ ( ၁၀ ) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် အမှတ် (၂၆) တပ်ရင်း ပူးပေါင်းဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင်ခရိုင် စစ်ဌာနလက်အောက်ရှိ ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းနဲ့ ယင်းမာပင်ခရိုင် အမှတ် (၂၆) တပ်ရင်းတို့ ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမကြီးဘေး တိုက်နယ်ဆေးရုံအတွင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်က စစ်ကောင်စီတပ်တွေတပ်စွဲထားရာ ကျောက်တိုင်ကျေးရွာ၊ တိုက်နယ်ဆေးရုံဝန်းအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က အရာရှိအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်သွားပြီဟု စစ်ကောင်စီ ထုတ်ပြန်

ဆိုးရွားပြင်းထန်တဲ့ အင်အားပြင်းငလျင်ကြောင့် ဒီနေ့ ဧပြီလ ၃ ရက်နေ့ မနက်အစောပိုင်းအထိ သေဆုံးသူ အရေအတွက် ၃၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

မန်းဝန်ကြီးချုပ်ရဲ့ နောက်ဆုံးခရီးမှာ ပို့ဆောင်ပေးခဲ့တဲ့ မင်းခေါင်ပရဟိတအဖွဲ့ကို စစ်ကောင်စီ ဖမ်းခေါ်သွား

မန္တလေးမြို့အခြေစိုက် ပရဟိတအသင်းဖြစ်တဲ့ ပရဟိတမင်းခေါင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ အပါအဝင် အသင်းသားတချို့ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၆ ရက်မှာ အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။