ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ အုတ်မြေတူးရွာအတွင်း ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်း တပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကီးကူစစ်ကြောင်းထံက သိရပါတယ်။

တိုက်ပွဲ နာရီဝက်ကြာဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ‌တော်လှန်ရေးပူးပေါင်းရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို  ပူးပေါင်းစစ်ဆင်ရေးအဖွဲ့နဲ့အတူ ကီးကူစစ်ကြောင်းက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်တဲ့ ဖီမော်မြို့ ကန်ဖန့်ရွာ ဒေသခံပြည်သူတွေက ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာကို အောက်တိုဘာ ၄ ရက် ညနေပိုင်းက KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်လာစဉ် ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မျှဝေထားပါတယ်။
Read More

နွားထိုးကြီး ပြင်စည်ကျေးရွာက ရဲစခန်းကို ရော့ကတ်တွေနဲ့ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ ရဲစခန်းကို ရော့ကတ်လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိတ်မြို့က လာတဲ့ စစ်ကောင်စီတပ်ယာဉ် ၄ စီးကို တော်လှန်ရေးတပ်တွေ ပြောက်ကျားတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ် ၄ စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖထံက သိရပါတယ်။
Read More

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများမှတစ်ဆင့် သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းကုန်းကို 81 MM လက်နက်ကြီးနဲ့ ချေမှုန်းခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကုန်းကို CDF-Mindat နဲ့ မဟာမိတ်တပ်တွေက 81 MM လက်နက်ကြီးနဲ့ ပစ်ခတ်ချေမှုန်းခဲ့တဲ့ ရုပ်သံဖိုင်ကို ဒီနေ့ညပိုင်းမှာ CDF-Mindat (သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန)က နှစ်သစ်ကူးလက်ဆောင်အဖြစ် ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ကမ္မမြို့ပေါ် ကင်းပတ်နေသည့် အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ကွေးတိုင်း၊ ကမ္မမြို့ပေါ်မှာ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။