ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်မြေမြှုပ်မိုင်းကို အရပ်သား အမျိုးသား (၂) ယောက်က ဖြုတ်ယူရာမှာ ပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းမှာ အမျိုးသား (၂) ယောက်ဟာ စစ်ကောင်စီတပ်စခန်းဟောင်း ခလရ (၂၃)တပ်စခန်းအနီး စစ်ကောင်စီတပ်ထောင်ထားတဲ့ လက်ကျန်မြေမြုပ်မိုင်းတစ်လုံးကို သွားရောက်ဖြုတ်ယူရင်း မိုင်းပေါက်ကွဲခဲ့တာပါ။

အဲ့ဒီမိုင်းပေါက်ကွဲမှုကြောင့် အသက် (၃၀)နှစ်အရွယ်နဲ့ အသက် (၃၂) နှစ်အရွယ် အမျိုသား ၂ ယောက် သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းတွေကို TNLA ရဲ့ သီပေါမြို့နယ် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က သီပေါဆေးရုံကို ပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် သီပေါမြို့နယ် မန်ကောင်းကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်က အရင်စစ်ကောင်စီတပ် (၅၀၄)စခန်းအနီး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

(ဓာတ်ပုံ The Ta’ang Post)
0 Shares:
You May Also Like
Read More

ညီနောင် ၃ ဖွဲ့ တစ်ဖက်သတ် အပစ်ရပ်ကာလ ၁ လ ထပ်မံ သက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ​ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က တစ်ဖက်သတ် အပစ်ရပ်ကာလကို ၁ လ ထပ်မံသက်တမ်းတိုးကြောင်း ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးမြို့နယ်က စစ်ရှောင်ပြည်သူတွေကို PDF အမှတ် ၁၂၂၂ တပ်ရင်းက စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကျွန်းထဲကျေးရွာ (၄) ရွာက စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(TRI ဗျူဟာ) - အမှတ် ၁၂၂၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် (TRI) ဗျူဟာ မှ PDF ရဲဘော် ၁ ဦးကျဆုံး၊ ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကူအညီပေးနိုင်ရေး လုပ်ဆောင်နေဟု TRI ဗျူဟာ ပြော

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ဒဏ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ TRI ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၁၀ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲများကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးမပြုရန် KNDF ထုတ်ပြန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်တပ်က ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဖက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်လာနိုင်တာကြောင့် အဆိုပါ လမ်းမကြီးကို ဒီနေ့ နိုဝင်ဘာလ ၆ ရက်ကစပြီး ဖြတ်သန်းသွားလာခြင်းမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း အပတ်စဉ် (၁၁) ကို နိုင်ငံအနှံ့ တန်းမြင့်သင်တန်းကျောင်းများတွင် ဖွင့်လှစ်

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အဓမ္မစုဆောင်းထားတဲ့ အရပ်သားလူငယ်တွေနဲ့  စစ်မှုထမ်းအပတ်စဉ် (၁၁)ကို သက်ဆိုင်ရာ သင်တန်းကျောင်းတွေမှာ စတင်လိုက်ပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။