မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့ပေါ်က စစ်ကောင်စီရဲ့ တပ်မ ၆၆ ပါဝင်သော စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်၊ အနောက်မြောက်ခြမ်းရှိ မြွေထိန်ပင်စောက်ကျေးရွာကို လက်နက်ကြီးတွေ စတင် ပစ်ခတ်ကာ စစ်ကြောင်းထိုး လာတာကြောင့် မတ္တရာမြို့နယ် ပကဖ နဲ့ တပ်ပေါင်းစုတွေက ခုခံပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်)

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၃ ယောက် မျက်မြင် သေဆုံးပြီး အယောက် ၂၀ ခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ဒဏ်ရာရသူတွေက မတ္တရာဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး တိုက်ပွဲအတွင်း စစ်တပ်ဆီက လက်နက် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မတ္တရာ ပကဖ က ဆိုပါတယ်။

တိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက် စစ်တပ်ဟာ ဂျက်ဖိုက်တာနဲ့ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မတ္တရာ ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထပ်မကျူးလွန်ရန် သတိပေးထားသည့် မူးယစ်ဆေးရောင်းဝယ်သူ စစ်တပ်သတင်းပေးသူလျှိုကို ကော့သောင်း ပကဖ ရှင်းလင်းခဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ပြစ်မှုတွေ ထပ်မကျူးလွန်ဖို့ သတိပေးထားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူ၊ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းပေးသူလျှိုကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့ကို စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်

ကရင်နီပြည်နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေမြို့ထဲကို အဝင်အထွက်မလုပ်ဖို့ CNDF အသိပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့အတွင်းအဝင်အထွက်ကို အများပြည်သူအနေနဲ့ လုံး၀မပြုလုပ်ဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်အတွက် တပ်သားသစ်စုဆောင်းပေးကာ ပြည်သူတွေကို ငွေညှစ်နေတဲ့ ပျူခေါင်းဆောင် ရာအိမ်မှူး ဌေးလွင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်၊ သပြေလှအုပ်စု၊ ရင်းတိုက်ကျေးရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး ဌေးလွင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းပေးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA နဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေ ပူးပေါင်း ပြုလုပ်ခဲ့တယ်လို့ PLA က မနေ့က ထုတ်ပြန်ပါတယ်။