ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနေ့က မနက်ပိုင်းကစလို့ KIA ဦးဆောင်တဲ့တပ်တွေဟာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီးရှိ ဗန်းမော်လေဆိပ်အတွင်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ ဗန်းမော်လေယာဉ်ကွင်းနဲ့ လေဆိပ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်လေဆိပ်(ပုံဟောင်း) နဲ့ လေဆိပ်ကို သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ KIA ပူးပေါင်းတပ်က ရဲဘော်အချို့ (ဓာတ်ပုံ လူမှုကွန်ရက်)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပေမယ့် အတိအကျကိုတော့ စာရင်းပြုစုနေဆဲဖြစ်ပြီး လက်ရှိမှာ ဗန်းမော်လေဆိပ်ကို ထိန်းချုပ်ထားကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကလည်း KIA ဦးဆောင်တဲ့ တပ်တွေက ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ (၇၀၀၆)သံချပ်ကာ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်ရာ သံချပ်ကာယာဉ် ၈ စီးကို သိမ်းပိုက်ရရှိထားပါသေးတယ်။

ဗန်းမော်လေဆိပ်(ပုံဟောင်း) နဲ့ လေဆိပ်ကို သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ KIA ပူးပေါင်းတပ်က ရဲဘော် (ဓာတ်ပုံ လူမှုကွန်ရက်)
0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ် ကံဇီး ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရရှိ၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၅ ယောက်သေကာ စစ်သုံ့ပန်း ၃၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၅)တပ်ရင်း - Aung San Force -ASF က ထုတ်ပြန်ထားပါတယ်။
Read More

ဆင်တလင်းရွာတွင် စစ်အုပ်စုစခန်းကို တိုက်ခိုက်ရာ ဒုရဲအုပ် ရဲလွင်အပါ စစ်ကော်မရှင်တပ်သား ၁၈ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ဒုရဲအုပ်အပါ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ပကဖ ရွှေတန်းမြေတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

TNLA ထိန်းချုပ်နယ်မြေမှာ ဇန်နဝါရီလအတွင်း စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၁၃ ယောက် သေဆုံး၊ ၂၆ ယောက် ဒဏ်ရာရ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၃) ယောက် သေဆုံးပြီး (၂၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မောင်ရွှေလေးရေတပ်စခန်းကို ဆုံးရှုံးသွားခဲ့တဲ့ စစ်ကောင်စီရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရုရှားရေတပ်သင်္ဘောများ မြန်မာနိုင်ငံကို ရောက်ရှိနေဟုဆို

စစ်ကောင်စီရေတပ်နဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ဖို့ မြန်မာနိုင်ငံကို ရုရှားရေတပ်သင်္ဘောအုပ်စုတစ်စု ရောက်ရှိနေကြောင်း စစ်ကောင်စီရဲ့မီဒီယာကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဗန်းမော်ကို သွားသည့် စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလွတ်မြောက်လာသူ ဒုရဲအုပ် (၁) ဦးနှင့် စစ်မှုထမ်း (၂) ဦး ကို PDF ထိန်းသိမ်းစောင့်ရှောက်ထား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဦးတည်ခုတ်မောင်းခဲ့တဲ့ အကြမ်းဖက် စစ်တပ်သင်္ဘောအုပ်စုင ဒုရဲအုပ် (၁) ယောက်နဲ့ အဓမ္မလူသစ်စုဆောင်းခံရတဲ့ စစ်မှုထမ်းစစ်သား (၂) ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်၊ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရ… ဘီးလင်းက မဲပလီဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။