စစ်ကောင်စီဟာ ၄င်းတို့လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေက ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်လျက်ရှိပါတယ်။

ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ နေ့စဉ်သေဆုံးဒဏ်ရာရမှုတွေ မြင့်တက်လျက်ရှိတာပါ။

စစ်ကောင်စီဟာ ၎င်းတို့ကိုတိုက်ခိုက်နေတဲ့ ဒေသတွေကို နလန်မထူနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ အရပ်ဘက််အဆောက်အဦးတွေဖြစ်တဲ့ ဆေးရုံဆေးခန်း၊ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာခြင်းလည်းဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်တွေအရ ဆေးရုံနှင့် ဆေးခန်းပေါင်း (၃၄၃) ခုဖျက်ဆီးခံခဲ့ရပြီး ကျန်းမာရေးလုပ်သား (၁၀၄) ဦးဟာ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရပါတယ်။ 

ပညာရေးဘက်မှာဆိုရင်လည်း  စစ်ကောင်စီဟာ ကလေးငယ်တွေ စာသင်ကြားနေတဲ့ ပညာရေးဆိုင်ရာနေရာ၊ အဆောက်အဦးတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဖြစ်စဉ် ၁၇၄ ခု ရှိခဲ့ကြောင်း Myanmar Witness က ထုတ်ပြန်ထားပါတယ်။ 

ဇန်နဝါရီလ ၂၆ ရက်နေ့ မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စကစ ဗုံးကြဲပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ CJ)

ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်းက ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ စာရေးကိရိယာများ၊ ကျောင်းနဲ့ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ ပျက်စီးခဲ့ရပြီး၊  ဆရာ/မများနဲ့ ကလေးငယ်များပါမကျန် အသက်ဘေးတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် လွတ်မြောက်နယ်မြေတွေက ကလေးငယ်တွေဟာ လေကြောင်းအန္တရာယ်တွေကြောင့် ပညာသင်ခွင့်တွေဆုံးရှုံးနေရပြီး အချို့သော စာသင်ကျောင်းတွေဟာ လက်ရှိအချိန်အထိ ပိတ်ထားရတယ်လို့လည်း သိရပါတယ်။

မနေ့က  ဇန်နဝါရီလ ၂၆ ရက်နေ့  မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ထက်မနည်းသေဆုံးခဲ့ရပါတယ်။

အဆိုပါနေရာမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အရပ်သားနေရာတွေကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ 

စစ်ကောင်စီက ဇန်နဝါရီလ ၂၅ရက် နေ့လယ်ပိုင်းမှာလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံပေါ် တည့်တည်ကို ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

ဗုံးကြဲခံရသည့် ကျောက်မဲပြည်သူ့ဆေးရုံ

တိုက်ခိုက်မှုကြောင့် ဆေးကုသပေးနေတဲ့ CDM ဆရာမ ၂ယောက် နဲ့ လူနာ ၁ယောက် သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ CDM ဝန်ထမ်းတွေ၊ လူနာတွေနဲ့ အရပ်သားပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီက ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှု (၄) နှစ်တာကာလအတွင်း စစ်ကောင်စီက ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့လည်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ထားတာပါ။

ဗုံးကြဲခံရသည့် ကျောက်မဲပြည်သူ့ဆေးရုံ (ဓာတ်ပုံ TNLA)

ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘဲ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပေးဖို့ တိုက်တွန်းတယ်လို့လည်း ရေးသားထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ စစ်ကောင်စီဟာ ပဋိပက္ခဖြစ်ပွားရာဒေသများမှာ ဆေးဝါးများနှင့် ဆေးဝါးနှင့်ပတ်သက်သော ပစ္စည်းတွေကို ပိတ်ဆို့ဖြတ်တောက်ထားမှုတွေပြုလုပ်ထားပြီး ပညာရေးနဲ့ပတ်သက်တဲ့ စာရေးကိရိယာတွေ ပညာသင်ကြားရေးအထောက်အကူပြုပစ္စည်းတွေကိုပါ ဖြတ်တောက်ပိတ်ဆို့ထားတယ်လို့ Blood Money ရဲ့ မြန်မာပြည်အပေါ် လေယာဉ်ဆီ ပိတ်ဆို့အရေးယူရန် ပျက်ကွက်မှုများ၏ နောက်ဆက်တွဲ ဆိုးကျိုးများ” သုသေတန စာတမ်း မှာ ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်တွေရဲ့  ခြိမ်းခြောက်မှုတွေကနေ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနဲ့ ကြောက်လန့်နေရမှုများဟာ နေ့စဉ် စာသင်ကြားနေတဲ့ ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိဘများ၊ ကျန်းမာရေးလုပ်သားများ၊ ဆရာ ဆရာမများ၊ အတတ်ပညာရှင်များ ရင်ဆိုင်နေရတဲ့  စိန်ခေါ်မှု လို့လည်း Blood Money ကဆိုပါတယ်။

အရပ်သားများ နေထိုင်တဲ့ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်တယ်လို့  အရက်ဖက်အဖွဲ့အစည်းများနဲ့ တော်လှန်ရေးအင်အားစုတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်ထားကြပါတယ်။

0 Shares:
You May Also Like
Read More

အာဆီယံ သို့မဟုတ် မြန်မာ့အရေးအပေါ် ဦးဆောင်ဖြေရှင်းနိုင်စွမ်းမရှိဘူး ဆိုတာကို ဝန်ခံရမယ့်အချိန် ရောက်လို့နေတဲ့ အဖွဲ့အစည်း

ယခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် လာအိုစတင်တာဝန်ယူစဉ်က ၎င်းဟာ ဒေသတွင်းအစုအဖွဲ့ကို အငြင်းပွားဖွယ်ရာ ပြဿနာတွေ ကင်းဝေးသွားစေဖို့ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းခံခဲ့ရပါတယ်။
Read More

ရုန်းနိုင်မှ သေဘေးက လွတ်မြောက်မည့် စစ်မှုထမ်းတပ်သားများ

ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ်

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း သမိုင်းဝင်အရှုံးတွေကို သည်းညည်းခံရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ၎င်းရဲ့သက်တမ်းတလျှောက် အားအနည်းဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။
Read More

စစ်တပ်အလိုကျ အားရပါးရ ကပြနေတဲ့ အုပ်ကြီး

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းမှာ စစ်မှုထမ်းဖို့ စာရင်းပါနေတဲ့ လူငယ်တစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာခေါ်ခဲ့ကြပါတယ်။
Read More

သေနတ်ထောက်ပြီး ဖုတ်ပူမီးတိုက်လုပ်မည့် မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲ၊ “ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် NUG က စစ်နိုင်အောင် တိုက်ရမှာပဲ။ သူမလုပ်ရင်တော့ ကြာလာတာနဲ့အမျှ စကစရဲ့ စစ်ရေးနိုင်ငံရေးက အပေါ်ကို ပြန်ရောက်သွားပြီး တော်လှန်ရေးက ခံစစ်ကို ရောက်သွားမယ်”

အဖက်ဖက်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့အတွက် နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့အသည်းအသန် ပြင်ဆင်နေကြပြီး ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့်အကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားပါတယ်။
Read More

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လာမယ့်လမှာ CI စင်တာ ဖွင့်လှစ်မယ်

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။