ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်ကို ယနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ရဲ့ လေကြောင်းကနေ ခရိုင်ရုံးနဲ့ ညစျေးတန်းကို ဗုံးထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြားထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

”စစ်ကောင်စီက ကျောက်မဲမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်၊ ခရိုင်ရုံးနဲ့ ညစျေးတန်းမှာကျ။ ထိခိုက်မှုများနိုင်”တယ်လို့ TNLA အရာရှိ ၁ ယောက်က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးထားပါ တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက် ခိုက်မှုကြောင့် ကျောက်မဲဆေးရုံရှိ CDM သူနာပြုဆရာမကြီး ၁ ယောက်၊ CDM ရုံးဝန်ထမ်း ၁ ယောက်၊ ပြည်သူ ၁ ယောက်သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Video – Mai Amm La Ngean

0 Shares:
You May Also Like
Read More

ကရင်ပြည်နယ်အတွင်း နှစ် ၄၀ ကြာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခလယ်ဒေးစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ခလယ်ဒေးစစ်တပ်စခန်းကို မတ်လ ၂၅ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရက်မူးနေသော ယာဉ်မောင်းကြောင့် ကျိုင်းတုံ-တောင်ကြီး ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် တိမ်းမှောက် (ရုပ်/သံ)

ရှမ်းပြည်နယ် ကျိုင်းတုံ-တောင်ကြီး ပြေးဆွဲနေတဲ့ ဒို့ညီ‌နောင်ယာဉ်လိုင်းမှာ အရက်မူးနေတဲ့ ယာဉ်မောင်းကြောင့် ဧပြီ ၂၄ ရက် မနေ့ညနေပိုင်းက မိုင်းပျဉ်း-တုံတာကြား ကိုးကွေ့တောင်မှာ ခရီးသည် တင်ယာဉ် ၁ စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်မှာ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်က ပြည်သူ တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်လာ ၁၁ ရက်နေ့ကစတင်ပြီး တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၁၂ ရွာမှာ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်က အရပ်သားပြည်သူ တစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကော့သောင်းမြို့နယ်အတွင်း ရွေးကောက်ပွဲအတု လုံခြုံရေးယူရန်လာသည့် စစ်သင်္ဘောနှင့် စက်လှေများကို ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးယူဖို့လာတဲ့ စစ်သင်္ဘောနဲ့ စက်လှေတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပျံလွှားပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။