ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း- ပဒါန်းလမ်းပိုင်းမှာ ၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ Chin Defense Force – Asho ရဲ့ သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်ကနေ ၂၅ ရက်အထိ ၉ ရက်တာအတွင်း အမ်း- ပဒါန်းလမ်းပိုင်းမှာ ရခိုင်စစ်မျက်နှာကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကြောင်းတွေကို Chin Defense Force – Asho က ပိတ်ဆို့တားဆီးရာကနေ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

Chin Defense Force – Asho ၏ ထုတ်ပြန်ချက်

” ဒီတစ်ခေါက် မိတာတွေကတော့ ပြန်ပြီးတိုက်ခိုက်တာမျိုးမရှိပါဘူး။ ဒါပေမယ့် အလင်းဝင်တယ်လည်း ပြောမရဘူး။ အလံဖြူထောင်လာတာ မဟုတ်တော့လေ။ မကွေးတိုင်းထဲအထိ ပြေးဖို့လုပ်တာမှာ ကျနော်တို့က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒါပေမယ့် သုံ့ပန်းဥပဒေအတိုင်းပဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်” လို့ Chin Defense Force – Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။

သူကပဲဆက်လက်ပြီး ” တိုက်ပွဲတွေမှာ သူတို့မနိုင်တော့လို့ လွတ်ရာ​လွတ်ကြောင်းပြေးလာတာတွေရှိသလို တပ်စွဲထားတဲ့စခန်းတွေကနေပြေးလာတာ​လည်းရှိပါတယ်။ သေနတ်ပါလာတာရော မပါပဲ လာတာရော ပြေးရင်းနဲ့ လွှတ်ပစ်လာတာမျိုးတွေရောပါ။ မိသားစုတွေတော့မပါကြပါဘူး။ အမြင့်ဆုံးတပ်ကြပ်အဆင့်တွေပါပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့အတူ MA -1 သေနတ် (၅)လက်၊ MA-2 သေနတ် (၁)လက်၊ MA-4(၁) လက်၊ MA-15 (၁လက်) တို့အပြင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

CDF-Asho က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
CDF-Asho က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
CDF-Asho က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ

လက်ရှိ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း ထိစပ်တဲ့နေရာတွေမှာ အာရက္ခတပ်တော် AA က စစ်ကောင်စီကို ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ အမ်း-ပဒါန်းလမ်းပိုင်းကတဆင့် ထွက်ပြေးတိမ်း​ရှောင်နေရပြီး မကွေးတိုင်းအနောက်ပိုင်း အခြေစိုက်တော်လှန်ရေးတပ်တွေကလည်း ဆုတ်ခွာလာတဲ့စစ်သားတွေကို ပိတ်ဆို့တိုက်ခိုက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အပတ်စဥ် ၁ လက်ရုံးတပ် အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ဟု ထုတ်ပြန်

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ အပတ်စဉ်(၁) လက်ရုံးတပ်ကို အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။
Read More

စနိုက်ပါ စစ်သားနှင့် ပျူစောထီး၏သား အချင်းချင်း ဆိုင်ကယ်တိုက်မိပြီး စနိုက်ပါသမား သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အရပ်သား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတဲ့ ခလရ ၅၀ တပ်က စနိုက်ပါ ကြည်ဝင်းဆိုသူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး နေရာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ကချင်မှ ပြန်လာသည့် တန့်ဆည်သားများကို စစ်အုပ်စုက PDF များအဖြစ် စွပ်စွဲဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ ၂ ဦး ပြောပြ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စစ်အုပ်စုဂိတ်စခန်းမှာ ကချင်ပြည်နယ်ကပြန်လာတဲ့ အရပ်သား ၁၁ယောက် ဖမ်းဆီးခံရပြီး ၄ယောက် သတ်ဖြတ်ခံရကာ ၂ယောက် ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာ နယ်စပ်အနီးက ခလယ့်ဒေး စစ်ကောင်စီတပ်စခန်းကို KNU တိုက်ခိုက်သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ် KNU ဌာနချုပ်အနီးက စစ်ကောင်စီ ခလယ့်ဒေး စစ်တပ်စခန်းကို KNU လက်အောက်ခံ KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

PDF တွေကို လူမူကွန်ရက်စာမျက်နှာပေါ်ကနေ ခြိမ်းခြောက်နေတဲ့ သွေးသောက်အဖွဲ့ခေါင်းဆောင် မင်းမင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရ…

PDF တပ်ဖွဲ့ဝင်တွေကို လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် Live လွှင့်ပြီး ခြိမ်းခြောက်တက်တဲ့ သွေးသောက် ( ပြည်သူ့စစ်) အဖွဲ့ခေါင်းဆောင် မင်းမင်း ဆိုသူ ပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားတယ်လို့ သိရပါတယ်။