မန္တလေး PDF ကစိုးမိုးထိန်းချုပ်ထားတဲ့ မတ္တရာ အနောက်မြောက်ခြမ်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ လက်ရှိအချိန်မှာ ပြန်လည်ဖြစ်ပွားလျက်ရှိပါတယ်။

အထူးသဖြင့် စစ်ကောင်စီက ၎င်းတို့ လက်လွှတ်လိုက်ရတဲ့ မတ္တရာ အနောက်မြောက်ခြမ်း ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားစဉ်မှာ မန္တလေး PDF  ကပြန်လည်ခုခံနေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ပြန်ပေးလိုက်ရတဲ့ ကျေးရွာတွေကိုပါ ပြန်လည်သိမ်းပိုက်ထိန်းချုပ် ထားနိုင်ပြီဖြစ်တယ်လို့ မန္တလေး PDF က ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေ ထုတ်ပြန်ပါတယ်။ 

မန္တလေးမြို့ နဲ့ မိုင်အနည်းငယ်သာ ကွာဝေးတော့တဲ့ မတ္တရာကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရမှုမှာ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။  တော်လှန်ရေးတပ်တွေက မန္တလေးမြို့ကို အချိန်မရွေး ထိုးစစ်ဆင်ဝင်ရောက်လာနိုင်မှုတွေ ရှိနိုင်လို့ မတ္တရာကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက ကြိုးပမ်းလာခြင်းဖြစ်ပါတယ်။ 

လက်ရှိတိုက်ပွဲတွေရဲ့ အခြေအနေအရ စစ်ကောင်စီဟာ သွေးတိုးစမ်းတိုက်ခိုက်နေတာဖြစ်ပြီး မတ္တရာအနီးက အချို့သောနေရာတွေမှာတော့ စစ်ကောင်စီက အင်အားကိုအလုံးအရင်းနဲ့ ဖြည့်တင်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ဒါ့ကြောင့် မတ္တရာဒေသမှာ အင်အားကြီးကြီးမားမားနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်တယ်လို့ မန္တလေး PDF က ကြိုတင်ခန့်မှန်းထားပြီးဖြစ်ပါတယ်။

မတ္တရာမြို့နယ် အနောက်မြောက်ရှိ ကျေးရွာများကို ၂၀၂၄ နိုဝင်ဘာမှာ  စစ်တပ်က စစ်ကြောင်းထိုးသိမ်းယူခဲ့ပါသေးတယ်။ 

အစောဆုံးသိမ်းယူခံခဲ့ရတဲ့  ရွာသစ်၊ဝန်စုနှင့် ထိန်ပင်စောက်ကျေးရွာများကို ၂၀၂၄ ဒီဇင်ဘာ ၁၆ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) က ပြန်လည်သိမ်းယူနိုင်ခဲ့တာပါ။ 

လက်ရှိမှာလည်း  အဆိုပါ ကျေးရွာများကို  ပြန်လည် သိမ်းယူဖို့  စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးခဲ့ခြင်းလည်းဖြစ်ပါတယ်။

မတ္တရာမြို့နယ်ထဲက ဖယောင်းတောင်၊ ထန်းပင်ကုန်းနဲ့ မြို့ကုန်းရွာတွေမှာ လက်ရှိအချိန်အထိ တိုက်ပွဲ တွေဖြစ်နေပြီး စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာကတည်းက စစ်ကောင်စီဟာ မတ္တရာမြို့နယ်တစ်ခုလုံးကို ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေပြီး ဧရာဝတီမြစ်အနီး မြို့အနောက်ဘက်အခြမ်းက ရွာတွေကို ပြန်လည်ထိ န်းချုပ်ထားမှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီတပ်က မန္တလေး-မတ္တရာလမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်အများစုကိုလည်း ပြန်လည်ပိတ်သိမ်းထားပြီး နယ်မြေစိုးမိုးမှုအရ  ဒေသခံ တော်လှန်ရေးတပ်တွေက ပိုမိုထိန်းချုပ်လာနိုင်တယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မန္တလေး -PDF အနေနဲ့ ၂ဝ၂၄ ခုနှစ်အတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲတွေနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့တဲ့အပြင် မန္တလေးတိုင်အတွင်းမှာ ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိထားတာလည်းဖြစ်ပါတယ်။

မတ္တရာမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေနဲ့ အတူ  မန္တလေးတိုင်းထဲက မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်နဲ့ နွားထိုးကြီးမြို့နယ်တွေမှာလည်း တိုက်ပွဲတွေပြင်းထန်လျက်ရှိပါတယ်။

စစ်ကောင်စီဟာ  မတ္တရာနဲ့အတူ လက်လွှတ်ဆုံးရှုံးထားရတဲ့ မြို့ကြီးတွေထဲက မိုးကုတ်နဲ့ စဉ့်ကူးကိုလည်း မကြာခဏ ပြန်လည်ထိုးစစ်ဆင်မှုတွေပြုလုပ်နေပေမယ့် ဒေသခံကာကွယ်ရေးတပ်တွေက အခိုင်အမာ ခုခံနေလို့ အခက်တွေ့နေရတယ်လို့လည်း ဆိုပါတယ်။

စစ်ကြောင်းအလိုက် ကြားဖြတ်တိုက်ခိုက်ခံရတာ၊ အထိုင်ချတပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာတွေ အပါအဝင် ရိက္ခာလက်နက်ခဲယမ်းကားတွေကို တော်လှန်ရေးတပ်တွေက မကြာခဏ တိုက်ခိုက်လေ့ရှိတာကြောင့် မြေပြင်မှာ အသာမရဘဲ ရှုံးနိမ့်နေတယ်လို့ CDM စစ်တပ်အရာရှိတွေပြုလုပ်တဲ့ ပြည်သူ့အားမာန် ငါတို့အသံ အစီအစဉ်မှာ သုံးသပ်ပြောကြားထားပါတယ်။

ဒါ့ကြောင့် မန္တလေးတိုင်းထဲက စစ်ကောင်စီလက်လွှတ်ထားရတဲ့ နေရာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခြင်း မပြုလုပ်နိုင်ပါက အခု၂၀၂၅ ထဲမှာ လေကြောင်းကို အားပြုတိုက်ခိုက်မှုတွေ ပိုပြီးများလာနိုင်တယ်လို့ CDM စစ်တပ်အရာရှိတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

လိင်ငရဲခန်းမှ ထွက်ပြေးခဲ့ရသည့် ကျောင်းသားတစ်ဦး

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် အစိုးရဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ကြသလို ကျောင်းသားကျောင်းသူတွေလည်း အစိုးရကျောင်းတွေမှာ ဆက်မတက်ဘဲ CDM လုပ်ကြပါတယ်။
Read More

၂၀၂၄ ခုနှစ်အတွင်း အပူရုပ်နှင့် ဟန်လုပ်ပြောခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နှုတ်ထွက်မိန့်ခွန်းများ

မကြာခင် အချိန်ပိုင်းအတွင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဖြေရှင်းလိုကြောင်း ၅ ကြိမ်ထက်မနည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 
Read More

ရုရှား၏ နျူကလီးယား သံတမန်ရေး- ယူကရိန်းရှိ နျူကလီးယားစက်ရုံကို သိမ်းပိုက်ရာမှသည် မြန်မာစစ်အုပ်စုကို ပံ့ပိုးကူညီသည်အထိ …. အရှေ့တောင်အာရှဒေသအတွင်း ရုရှ၏ နျူကလီးယား ရည်မှန်းချက်များသည် မြန်မာ့အိမ်နီးချင်းနိုင်ငံများအတွက် စိုးရိမ်ဖွယ်ရာ အချက်ပြချက် ဖြစ်သင့် …

ဒီနှစ် မတ်လက မော်စကိုဆွေးနွေးပွဲတွေအပြီးမှာတော့ ပူတင်နဲ့ မင်းအောင်လှိုင်တို့ဟာ မြန်မာနိုင်ငံမှာ အရွယ်အစား အသင့်အတင့်ရှိတဲ့ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးအဆောက်အအုံတခု တည်ဆောက်ဖို့ သဘောတူညီချက် လက်မှတ်ထိုးခဲ့ကြပါတယ်။ အဲဒီမတိုင်ခင် တလအလိုမှာလည်း မြန်မာ့အက်ဒမန်ကမ်းရိုးတန်းက အငြင်းပွားဖွယ် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဆိပ်ကမ်းတခုနဲ့ ရေနံသန့်စင်စက်ရုံ တည်ဆောက်ဖို့ ကြီးမားတဲ့ သဘောတူညီချက်တခုကိုလည်း နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့ကြပါသေးတာပါ။
Read More

မြန်မာ့ပြည်တွင်းစစ်ထဲမှာ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လို ဖျက်ဆီးခံနေရသလဲ

ပဋိပက္ခကာလ ငါးနှစ်နီးပါးရှိလာတဲ့အလျောက် ဒီပဋိပက္ခကြီးဟာ တိုင်းပြည်အနှံ့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်နေရာတွေကို ထိခိုက်မှုများစွာ ဖြစ်လာစေပါတယ်။ 
Read More

ချင်းပြည်နယ်အတွင်း မြို့ပေါင်း ၁၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အာဏာသိမ်း ၄ နှစ်အတွင်း ချင်းတော်လှန်ရေးရဲဘော် ၄၈၀ နီးပါး ကျဆုံးခဲ့

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၄ နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းတော်လှန်ရေးရဲဘော် ၄၇၄ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။