ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

မှော်ဘီမြို့နယ်က စစ်ကောင်စီရဲ့ လေးလမ်းဂိတ်စခန်းကို ဇန်နဝါရီ ၂၆ ရက်ညပိုင်းမှာ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းနဲ့ Civilian Military – SRDF (စစ်ဆင်ရေးစစ်ကြောင်း) က မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း၏ ထုတ်ပြန်ချက်

အဲ့ဒီတိုက်ခိုက်မှုကြောင့် အဆိုပါဂိတ်စခန်းရှိ စစ်ကောင်စီတပ်က စစ်သား ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေးလမ်းဂိတ်စခန်းက စစ်သားတွေဟာ ပြည်သူတွေကို ဖမ်းဆီး၊ ငွေညှစ်ခြင်းနဲ့ အဓမ္မ စစ်သားသစ် စုဆောင်းနေတာတွေ ပြုလုပ်နေတာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့ပေါ် စစ်ကောင်စီတပ်သား ၂ ဦး ရှင်းလင်းခံရမှုအတွက် မြို့ခံ အယောက် ၆၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ တပ်သား ၂ ယောက် ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြို့ခံပြည်သူများစွာကို နေ့တွင်းချင်းပဲ မတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၂၁ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ အရိုးပြာအိုးကို မိဘတွေရှေ့မှာ ဂူသွင်းသင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်ရဲ့ အရိုးပြာအိုးကို မိဘတွေရှေ့ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ယင်းမာပင်တပ်ရင်း - ၆ ဆီက သိရပါတယ်။
Read More

ကျောက်လှေခါးရွာ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို ရေစကြိုတပ်ပေါင်းစု ဒရုန်းဖြင့် တိုက်ခိုက် 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ကျောက်လှေခါး‌ကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း ရေစကြိုတပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုညီက မောင်းကို ပြောပါတယ်။
Read More

ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါပြိုကျ၊ တာဝါအတွင်း ဝန်ထမ်းသေဆုံးမှု များပြားနိုင်

ဒီနေ့ မတ်လ ၂၈ရက် နေ့လယ်ပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါ ပြိုကျသွားခဲ့ပါတယ်။
Read More

မိုးကုတ်မှာ PSLF/TNLA အုပ်ချုပ်ရေးဌာနက ပြည်သူလူထုနှင့် တွေ့ဆုံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ မိုးကုတ်ခရိုင် အုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးမှာ စစ်တပ်သတင်းပေးနဲ့ ပျူစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်သတင်းပေးလုပ်နေသူ ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။