စစ်ကောင်စီဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ မတရားဥပဒေတစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြဋ္ဌာန်းအသက်သွင်းခဲ့တာဟာ စစ်မှုထမ်း အပတ်စဉ် (၉) အထိကို ရောက်ရှိလာခဲ့ပါပြီ။ 

ယခုလ ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ စစ်မှုထမ်းဖို့ အသက်ပြည့်မီနေသူအားလုံးနီးပါးကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်တယ်ဆိုတဲ့ အချက်အပါအဝင် ကန့်သတ်ချုပ်ချယ်မှုများစွာပါဝင်တဲ့  ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်ပြန်ပါတယ်။

ယခင်နှစ် စစ်မှုထမ်းဥပဒေ စတင်ပြဋ္ဌာန်းကတည်းက အရွယ်ရောက်ပြီးသား လူငယ်တော်တော်များများဟာ နိုင်ငံရပ်ခြားကို ရရာနည်းလမ်းနဲ့ ထွက်ခွာခဲ့ကြပြီး စစ်မှုထမ်းမှုကို ရှောင်ရှားဖို့ ကြိုးစားခဲ့ကြရတာပါ။ 

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်

အဆိုပါစစ်မှုထမ်းနည်းဥပဒေထဲမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့လူငယ်တွေဟာ စစ်မှုထမ်းဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွင့် မရှိတော့သလို စစ်မှုထမ်းကင်းလွတ်ခွင့် လျှောက်ထားသူတွေ၊ စစ်မှုထမ်းကာလ အပိုင်းအခြားကို လျော့ပေါ့ပေးဖို့နဲ့ ကာလအပိုင်းအခြားတခုအထိ ရွေ့ဆိုင်းဖို့ လျှောက်ထားသူတွေမှာလည်း ခွင့်ပြုချက်မရမခြင်း ပြည်ပကို ထွက်ခွာခွင့် ပိတ်ပင်တယ်ဆိုတဲ့အချက်တွေကို အဆိုပါစစ်မှုထမ်းဥပဒေမှာ ပြဋ္ဌာန်းဖော်ပြထားပါတယ်။ 

ဒါဟာ လူငယ်တွေကိုသာမက မြန်မာတနိုင်ငံလုံးကို စစ်ထောင်ချနေတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။ 

“အရပ်သားရော… ဝန်ထမ်းရော အားလုံးပေါ့ဗျာ… ယောင်္ကျားမှန်သမျှကို စစ်မှုထမ်းခိုင်းနေတာဟာ တဖြေးဖြေးနဲ့ တစ်ပြည်လုံးကို စစ်ထောင်ချလိုက်တာပါပဲ၊ အဲ့လိုလုပ်တဲ့အတွက် ပြည်သူတွေရဲ့ မကျေနပ်မှုတွေ၊ အုံကြွပုန်ကန်မှုတွေ ပိုပြီးတော့ မြန်မြန်ဆန်နဲ့ကို များလာပါလိမ့်မယ်”လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုပါတယ်။   

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေရုံသာမက နိုင်ငံသားအခွင့်အရေးတွေကိုပါ ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာဖြစ်ပြီး အရေးယူမယ့်သူ မရှိတာကြောင့် နိုင်ငံရဲ့ ဒုက္ခတွင်းပိုပြီးနက်နိုင်မယ့် အခြေအနေရှိတယ်လို့လည်း သူက ဆိုပါတယ်။ 

စစ်မှုထမ်းဥပဒေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာ လူငယ်အင်အား လူသားအရင်းအဖြစ် ရှားပါးမှု၊ လုပ်ငန်းခွင်မှာ လုပ်သားရှားပါးမှု စတဲ့ပြဿနာတွေနဲ့လည်း လက်ရှိချိန်မှာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

“စစ်မှုထမ်း မတရားဥပဒေနဲ့ သူတို့ အသက်ဆက်ဖို့ကြံတာ..၊ အခုပြဿနာက ပညာရေး၊ လူမှုရေး၊ စီးပွားရေးဘက်ပေါင်းစုံကနေကို ဆုတ်ယုတ်သွားမှာဗျ၊ နိုင်ငံရဲ့ အနာဂတ်ရော… လူငယ်တွေရဲ့ အနာဂတ်တွေ အကုန်လုံး ဆုတ်ယုတ်ပျက်စီးသွားစေနိုင်ပါတယ်၊ ဒီအကျိုးဆက်က ဘယ်လောက်ထိ  ခံရမလဲဆို နောက်ထပ် နှစ် ၅၀ လောက်ထိကို ခံရဦးမှာ” လို့ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တဦးက မောင်းကို ပြောပါတယ်။ 

ဒါ့အပြင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်တွေအနေနဲ့ စစ်မှုထမ်းဆောင်ဖို့ ပျက်ကွက်ပါက ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊  စစ်မှုထမ်း တိမ်းရှောင်ဖို့ ကြံစည်ပါက ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊  စစ်မှုထမ်းဖို့ ပျက်ကွက်သူ၊ တိမ်းရှောင်ဖို့ ကြိုးစားသူကို ကူညီပါက  ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်းတို့ကိုလည်း  ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ 

ဦးသန်းစိုးနိုင်က “နိုင်ငံခြားလည်း ထွက်ခွင့်မရှိတော့ဘူးဆိုတော့ လူငယ်တွေအနေနဲ့ ပါသွားပြီဆိုရင်လည်း တော်လှန်ရေးဘက်ကို လက်နက်နဲ့တကွ ကူးပြောင်းဖို့ ကြိုးစားလုပ်ဖို့ပဲ ရှိတော့တယ်ဗျ၊ လူငယ်တွေအတွက် စိတ်မကောင်းစရာ ဖြစ်ပေမယ့် ကျွန်တော်တို့အနေနဲ့ တခြားရွေးချယ်စရာ မရှိတော့ပါဘူး၊ သူတို့ပေးတဲ့ သင်တန်းတွေလည်း တက်ရမှာပဲဗျ၊ လက်နက်ပေးပြီဆိုရင်တော့ လက်နက်နဲ့ တော်လှန်ရေးဘက်ကို ကူးပြောင်းသွားဖို့ကို နည်းလမ်းပေါင်းစုံနဲ့ အချိန်နဲ့အမျှ ကြိးစားကြဖို့ကိုပဲ ကျွန်တော်ကတော့ တိုက်တွန်းလိုပါတယ်” လို့ ဆိုပါတယ်။ 

စစ်သင်တန်း အပတ်စဉ် (၁) မတရားစုဆောင်းခံရသူများ

နိုင်ငံအနှံ့ စစ်ရှုံးပြီး စစ်အင်အားချို့တဲ့လာတဲ့ စစ်ကောင်စီဟာ သူတို့အသက်ဆက်နိုင်ဖို့ စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်ကာ လူသူအင်အားကို မတရားနည်းနဲ့ စတင်စုဆောင်းလာတာပါ။ စစ်ကောင်စီဟာ နိုင်ငံတကာစစ်မှုထမ်းဥပဒေနဲ့ ၎င်းတို့ရဲ့ စစ်မှုထမ်းဆိုင်ရာ ဥပဒေတွေကို ပြည်သူလူထု သိရှိနားလည်ဖို့ဆိုပြီး အခြေခံပညာကျောင်း သင်ရိုးညွှန်းတန်းတွေမှာပါ စစ်မှုထမ်းဥပဒေအကြောင်းကို ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုထားပါတယ်။

စစ်သင်တန်း အပတ်စဉ် ၅ က မတရားစုဆောင်းခံရသူများ
0 Shares:
You May Also Like
Read More

နောင်ချိုကျဆုံးတာဟာ တော်လှန်ရေးမှာ ပြုပြင်စရာတွေ များနေကြောင်း အချက်ပေး ခေါင်းလောင်းသံလေလား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ အပိုင်း (၂) စစ်ဆင်ရေးအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 
Read More

အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ (အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်)

စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။ 
Read More

မင်းအောင်လှိုင် နှင့်သူ၏ တောင်စဥ်ရေမရ စီမံကိန်းများ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်တွေ့ ဖြစ်နိုင်ခြင်းမရှိတဲ့ စီမံကိန်းတွေ လုပ်ဆောင်ဖို့ မကြာခဏ တွန်းအားပေး ပြောဆိုလေ့ရှိပါတယ်။ 
Read More

အာဆီယံ သို့မဟုတ် မြန်မာ့အရေးအပေါ် ဦးဆောင်ဖြေရှင်းနိုင်စွမ်းမရှိဘူး ဆိုတာကို ဝန်ခံရမယ့်အချိန် ရောက်လို့နေတဲ့ အဖွဲ့အစည်း

ယခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် လာအိုစတင်တာဝန်ယူစဉ်က ၎င်းဟာ ဒေသတွင်းအစုအဖွဲ့ကို အငြင်းပွားဖွယ်ရာ ပြဿနာတွေ ကင်းဝေးသွားစေဖို့ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းခံခဲ့ရပါတယ်။
Read More

ပြည်သူလူထု၏ လမ်းညွှန်မှုဖြင့် စုဖွဲ့ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု

လက်ရှိမှာ တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ စုဖွဲ့ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance-SRA) ဟာ ပြည်သူတွေရဲ့ တိုက်တွန်းလမ်းညွှန်မှုတွေကြောင့် စုဖွဲ့နိုင်ခဲ့တာဖြစ်တယ်လို့ SRA ထဲမှာ ပါဝင်တဲ့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဒုဥက္ကဌ (၁) ကိုမင်းဟန်ထက်က မောင်းကို ပြောပါတယ်။
Read More

ကလေးတပ်သားများ MBT တကယ်ပဲ လက်ခံထားတာလား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ကနေ အသက်မပြည့်သေးတဲ့ ကလေးတွေကို PDF အဖြစ် လက်ခံပြီး စစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေတယ်လို့ MBT တပ်ဖွဲ့ထဲကို ရောက်ရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေထံက သိရပါတယ်။