မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဝါဇီစက်ရုံ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 

ဇန်နဝါရီလ ၂၆ ရက် မနေ့က ညနေပိုင်းမှာ ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ကျေးရွာ၊ ရွာသစ်ပိုင်းကို စစ်ကောင်စီရဲ့ ကပစ(၂၂)က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၅ ယောက်သေဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

” ကပစ ၂၂ ကနေ ဟောင်ဝစ်ဇာနဲ့ပစ်တာ၊ ၈ မိုင်လောက်ဝေးတဲ့ရွာပေါ် ကျတယ်။ ပထမ ၄ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရတာ ၊ အခု စိုးရိမ်ရတဲ့ ၁ ယောက်ပါသေသွားပါပြီ” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။ 

သေဆုံးသူတွေထဲ ကင်းမွန်တောင့်ရွာနေ  အသက် (၈၀)အရွယ် ဒေါ်ရွှေကြင်၊ အသက် (၅၀) အရွယ် ဦးမြင့်နိုင် နဲ့ အသက် (၅) နှစ်အရွယ် မောင်သုခမင်း၊မောင်သုခဝင်း အမြွှာညီအကိုတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စစ်​ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့ အရပ်သားများ (ဓာတ်ပုံ CJ)

ဒါ့အပြင် အဲ့ဒီနေ့ ညနေအစောပိုင်းကပဲ ထမ္မကောက်ကျေးရွာမှာ အထိုင်ချထားတဲ့  စစ်အုပ်စုတွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် အင်ကြင်ပင်ကျေးရွာနေ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ကိုယ်စီရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ရက်၊ မနက်အစောပိုင်းမှာဆိပ်ဖြူမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ငွေစက္ကူ ရိုက်နှိပ် ထုတ်ဝေရာ ဝါဇီစက်ရုံနဲ့အတူ စစ်ကောင်စီဂိတ်စခန်းတွေကို တော်လှန်ရေးအဖွဲ့တွေက လက်လုပ် Short Range Missile ၁၇ လုံး၊ Drop Bomb ၂၆ လုံးနဲ့ ၈၁ မမ ၆ လုံးပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“ဆောဆိပ်ဖြူလမ်း သပြေနားလမ်းတွေပေါ် ဟိုပစ် ဒီပစ်လုပ်နေတာ ၊ ရမ်းသမ်းပစ်ခတ်တာလို့ပြောရမယ်။ ဝါဇီကိစ္စမကျေနပ်တာလည်းပါမယ်။ လက်ရှိဆိပ်ဖြူ အနောက်ခြမ်းမှာစကစစစ်ကြောင်းလည်းရှိတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။ 

ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်မှာတော့ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီး (ဟောင်ဝစ်ဇာ) ထိမှန်သေဆုံးသူတွေကို ​သဂြိုလ်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲဆီ အောင်ဇေယျစစ်ကြောင်းက တပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကနေ စစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတကာပိတ်ပင်ထား‌သော ကလက်စတာ ဆင့်ကဲဗုံးများဖြင့် ရခိုင်ကျေးရွာများကို အကြမ်းဖက်စစ်တပ် ဆက်တိုက်ဗုံးကြဲ

ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်မြောက်ဦးက ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက်၊အကြမ်းဖက်စစ်တပ်က ဒေသခံတွေနေထိုင်တဲ့ အခြားရခိုင်ကျေးရွာတွေကို နိုင်ငံတကာကသုံးစွဲခွင့် ပိတ်ပင်ထားတဲ့ ဆင့်ကဲဗုံး (cluster) ဗုံးတွေနဲ့ပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ရွှေဘိုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပိတ်ဆို့ တိုက်ခိုက်နေသည့် ရွာ ၂ ရွာမှ ပျူစောထီးများ စခန်းစွန့်ခွါထွက်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အငတ်ဘေးကြုံံနေရတဲ့ ညောင်ကိုင်း နဲ့ တည်သီးတောရွာတွေအတွင်းက ပျူစောထီးတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဗလကြီးက မောင်းကို ပြောပါတယ်။
Read More

NUG မှ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံများကို အမျိုးသမီးနှင့်ကလေး ကာကွယ်စောင့်ရှောက်ရေး နည်းပြသင်တန်း ပြုလုပ်ခဲ့

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာတာဝန်ခံတွေကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကာကွယ်စောင့်ရှောက်နိုင်ဖို့ အသိပညာပေးတဲ့ ၅ ရက်တာသင်တန်းကို ဩဂုတ်လထဲမှာ ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။