မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာ ၁၀ ယောက်ကို ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ Chana ခရိုင်ကနေ Thepa ခရိုင်ကို လူမှောင်ခိုကူးမယ့် ကားနှစ်စီးရှိတယ်လို့ သတင်းရရှိထားကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမြန်လမ်းရဲအဖွဲ့ဟာ အဲဒီမြန်မာရွှေ့ပြောင်းတွေ တင်ဆောင်လာတဲ့ ကားနှစ်စီးကို Chana ခရိုင်မှာ စနေနေ့ညနေပိုင်းက ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

မြန်မာရွှေ့ပြောင်းတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းယာဉ်မောင်းနှစ်ယောက်ကလည်း သူတို့အနေနဲ့ Rattapoom ခရိုင်ကနေ Pattani ခရိုင်ကို သွားပို့ပေးရမှာဖြစ်ကြောင်း၊ ခရီးသည် ၁ ယောက်ကို ဘတ် ၂၀၀၀ နှုန်းရရှိကြောင်း ဝန်ခံထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း Songkhla ခရိုင် Chana ခရိုင်ရှိ Mitsubishi Pajero ကားအတွင်း၌ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၀ ဦးကို ရဲတပ်ဖွဲ့က စနေနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ မလေးရှားသို့ ခိုးသွင်းရန် ငှားရမ်းထားသည့် ထိုင်းယာဉ်မောင်းနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ (ဓာတ်ပုံ Assawin Pakkawan)

ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းတွေထဲမှာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ပါဝင်ကြောင်း၊ ထိုင်းယာဉ်မောင်းနှစ်ယောက် အပါအဝင် သူတို့အားလုံးကို ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ထိုင်းရဲတွေက ဆိုပါတယ်။

အမြန်လမ်း ရဲတပ်ဖွဲ့က ရဲမှူးကြီး Chanokruadee ရဲ့အဆိုအရ သူတို့ထဲက အများစုဟာ ရန်ကုန်ကနေ လာရောက်ကြတာဖြစ်ပြီး အဖမ်းမခံရခင် ၅ ရက်အလိုကတည်းက ခရီးသွားလာနေခဲ့ရတာဖြစ်ကြောင်း၊ မလေးရှားနိုင်ငံကို ရောက်တဲ့အခါမှာလည်း အဲဒီမှာရှိတဲ့ မြန်မာပွဲစားကို တစ်ယောက် ဘတ် ၁၂၀၀၀၀ ပေးဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း – 10 illegal migrants bound for Malaysia caught in southern Thailand

0 Shares:
You May Also Like
Read More

အာဆီယံပူးပေါင်းအဖွဲ့ ငြိမ်းချမ်းရေးအတွက် လာမယ့်အပတ် မြန်မာပြည်လာမည်

အာဆီယံဥက္ကဋ္ဌ မလေးရှားက ဦးဆောင်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အာဆီယံပူးပေါင်းကိုယ်စားလှယ်အဖွဲ့တခုဟာ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လာမယ့်သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အဘရာဟင်က ပြောပါတယ်။
Read More

မြန်မာအရေးဆွေးနွေးဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ဩစတေးလျသွားမယ်

မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရုရှားအလံလွှင့် ရေနံတင်သင်္ဘောတစင်းကို အမေရိကန်ရေတပ် ဝင်ရောက်စီးနင်း

အမေရိကန်ရေတပ်က  ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘောတစင်းကို ဇန်နဝါရီ ၇ ရက်၊ ဒီကနေ့မနက်မှာ ဝင်ရောက်စီးနင်းလိုက်တယ်လို့ နိုင်ငံတကာသတင်းများမှာ ဖော်ပြနေပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာအပါအဝင် အာရှဘက်က ရွှေ့ပြောင်းလုပ်သားတွေ လိုချင်ကြောင်း ရုရှား ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုထောက်တိုင်တချို့အပေါ် အရေးယူမှုတွေ အမေရိကန်က ရုပ်သိမ်းမှုဟာ နောက်ကြောင်းပြန်တာပဲလို့ ကုလသမဂ္ဂအရာရှိ ပြော

အာဏာသိမ်းစစ်အုပ်စုရဲ့ ထောက်တိုင်တချို့အပေါ် အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က ရုပ်သိမ်းလိုက်တာဟာ နောက်ကြောင်းပြန်သွားတာပဲလို့ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အမ်ဒရူးစ်က ဇူလိုင်လ ၃၀ ရက်မှာ ပြောပါတယ်။