ဗန်းမော်မြို့က စစ်ကောင်စီအတွက် အရေးပါတဲ့ လေဆိပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ၀င်ရောက်ထိန်းချုပ်ထားတဲ့ ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။

ဗန်းမော်မြို့ လေယာဉ်ကွင်းကို KIA ပူးပေါင်းတပ် တွေက ဝင်ရောက်ရှင်းလင်းနေပြီး တိုက်ပွဲတွေလည်း ဆက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့က သံချပ်ကာ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ကာ သံချပ်ကာကားတွေ ရရှိခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ KIA က ဗန်းမော်လေဆိပ်ကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

KIA ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ အဲဒီလေယာဉ်ကွင်းဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) တပ်ဌာနချုပ်အနီးမှာ တည်ရှိတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဟာ အလွန်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေလို့လေယာဉ်ကွင်းကို ရာနှုန်းပြည့်ထိန်းချုပ်နိုင်ဖို့ KIA နဲ့ ပူးပေါင်းတပ်တွေ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

ရုပ်သံ – ကချင်မြေ

0 Shares:
You May Also Like
Read More

လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချလို့ ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့ မနက် ၁ နာရီဝန်းကျင်ခန့်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ တောင်ညိုဆည်မကျီုးပင်ဂိတ်ကို တော်လှန်ရေးတပ်များ နယ်မြေရှင်းလင်းရေး (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းမှာ အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ တောင်ညိုဆည် မကျီးပင်ဂိတ်ကို အကြမ်းဖက်စစ်သားတွေ စွန့်ခွာထွက်ပြေးသွားတဲ့အတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်များထံက သိရပါတယ်။
Read More

စလင်းမြို့နယ် စမ်းကလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် စည်ဆွဲကျေးရွာအုပ်စု စမ်းကလေးကျေးရွာကို ဒီဇင်ဘာ ၁၆ ရက် မနေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့ခံထားရတဲ့ တောင်းအင်စစ်စခန်းမှာ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် တောင်းအင်စခန်းကနေ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ပြည်သူများ စိတ်ဓာတ်မကျဖို့ အားပေးစကား စာစောင်နှင့် ကဗျာတစ်ပုဒ် ဒရုန်းဖြင့် ကြဲချ ဝေငှ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ တော်လှန်ရေး ၄ နှစ်အတွင်း ပင်ပန်းနွမ်းလျ စိတ်ဓာတ်ကျနေခဲ့ရတဲ့ ပြည်သူတွေကို အားပေးစကားစာစောင်နဲ့ ကဗျာ ၁ ပုဒ် လိုက်လံဝေငှခဲ့တယ်လို့ Fight For Freedom တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲဆင်နွှဲအပြီး ဗျူဟာ ၄၂ ရဲဘော်များ မိခင်တပ်ရင်းသို့ ပြန်လည်အခြေချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ ရဲဘော်တွေဟာ ဧပြီ ၅ ရက်နေ့မှာ မိခင်တပ်ရင်းကို ပြန်လည်ရောက်ရှိလာပြီလို့ ကျားသစ်နက်တပ်မတော် Black Leopard Army က ထုတ်ပြန်ထားပါတယ်။