စစ်ကောင်စီရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ယာဉ်တန်းအပါအ၀င် လမ်းကင်းယူပေးတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က ထုတ်ပြန်ပါတယ်။

တနင်္သာရီမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၂ရက် မနက် ၇ နာရီခွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ယာဉ်တန်းဟာ တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ယာဉ်တန်းဖြစ်တယ်လို့ သိရပါတယ်။



စစ်ဆင်ရေးကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပ.က.ဖ)၊ တောကြီးမြွေဟောက်အဖွဲ့၊ တော်လှန်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရသူတွေကို အတည်ပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

PDF ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး လမ်းပြုပြင်… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအ​ခြေစိုက် Khut Daung Company Saw PDF က ရဲဘော်တွေအနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက မိုးတွင်းကာလမှာ ပျက်စီးခဲ့တဲ့လမ်းတွေကို နိုဝင်ဘာ ၁၀ ရက်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြန်လည် ပြုပြင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့လယ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စု လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

သိမ်းပိုက်ထားသည့် မြို့များ စစ်ကောင်စီကို ပြန်ပေးရန် အစီအစဥ်မရှိ၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေး NUG အပါ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်

အကြမ်းဖက်စစ်အုပ်စုက မြို့တွေကို ပြန်ပေးဖို့ တောင်းဆိုထားတာကို သဘောမတူနိုင်သေးသလို စစ်အာဏာရှင်အမြစ်ပြတ်ရေး ရပ်တည်ချက်အတိုင်း ဆက်လက်ရှိနေမယ်လို့ တအာင်းတပ်မတော် TNLA က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ရွှေဘိုတွင် စပါးရိတ်စက်များ လာလုသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၄ဦးသေ၊ ပစ္စည်းများအား ပိုင်ရှင်ထံ ပကဖများ ပြန်အပ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အရပ်သားတောင်သူတွေ​ဆီက စပါးရိတ်စက်တွေ လုယူသယ်ဆောင်နေတဲ့ စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ပျူစောထီး ၄ယောက်သေဆုံးကာ စပါးရိတ်စက် ၁စီးကို တောင်သူတွေထံ ပြန်ပေးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အပြီးသတ် အနိုင်ယူရေး PDF တပ်မှူးကြီးများ အစည်းအဝေး ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၅) ကို အောင်မြင်စွာ ၃ရက်တာ ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။