ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ပြည်သူ့စစ်အမည်ခံတဲ့ လက်နက်ကိုင်ပျူစောထီးတွေကို စစ်ကောင်စီက ဝတ်စုံတွေထုတ်ပေးကာ လုံခြုံရေးယူခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့လောက်ကစပြီး မြို့နယ်အသီးသီးမှာ အဆိုပါ ဝတ်စုံတွေကို ထွေအုပ်ရုံတွေကနေ ထုတ်ပေးခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

“ဝတ်စုံကတော့ စစ်တပ်ဝတ်စုံလိုပါပဲ၊ ဘတ်တံဆိပ်ကတော့ မတူဘူး အဲ့မှာက ပြည်သူ့စစ်ဆိုပြီးရေးထားတယ်၊ အဲဒီဝတ်စုံတွေနဲ့ လစာတော့ မဟုတ်ဘူးထင်တယ်၊ တစ်ယောက်ကို ၂သိန်းနှုန်းနဲ့ ပေးနေတယ်၊ အရင်ကတော့ ပိုက်ဆံပေးတာမျိုးမရှိဘဲ လက်နက်ပေးတာတွေတော့ ရှိတယ်” လို့ မင်းလှမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မင်းလှမြို့နယ်မှာ အာဏာသိမ်းကာစ အစောပိုင်းကတည်းက ဖွဲ့စည်းထားတဲ့ ပျူစောထီးအယောက် ၁၀၀ လောက်ကို ဝတ်စုံနဲ့ ပိုက်ဆံတွေ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပျူစောထီးတွေကို ဝတ်စုံထုတ်ပေးတာဟာ မြို့နယ်အတွင်း လုံခြုံရေးယူခိုင်းဖို့ စစ်ကောင်စီက ကြံစည်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

“အရင်က စစ်တပ်ကနေ စစ်ကြောင်းထွက်တဲ့ စစ်သားတွေက အခု ပြည်နဲ့ အညာဘက်ကို ပို့ခံလိုက်ရတယ်လို့ သတင်းကြားတယ်၊ အဲ့ဒါကြောင့် မြို့တွင်း လုံခြုံရေးအတွက် ပျူတွေကို အခုလိုတွေပေးပြီး ခိုင်းတာဖြစ်မယ်” လို့ အထက်ပါ ဒေသခံက သူ့အမြင်ကို ပြောပါတယ်။

အခုလို ပျူစောထီးတွေကို ဝတ်စုံထုတ်ပေးနေတာဟာ မင်းလှတစ်မြို့နယ်တည်းမဟုတ်ဘဲ သာယာဝတီခရိုင်ထဲက သာယာဝတီ၊ အုတ်ဖို၊ နတ်တလင်းမြို့နယ်တို့မှာလည်း ပိုက်ဆံနဲ့ ဝတ်စုံတွေကို စစ်ကောင်စီက ထုတ်ပေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗျူဟာ ၃၃ နည်းဗျူဟာမှူးနှင့် ရဲဘော်များ ထိန်းသိမ်းခံထားရမှု ညှိနှိုင်းနေဆဲဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာန၊ အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် PDF အယောက် ၅၀နီးပါးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ(၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းခဲ့တဲ့ အခြေအနေကို ၂ဖက်ကြား ညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
Read More

မင်းတုန်းမြို့နယ် တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃၀ ခန့် သေပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းမိ၊ လက်နက်ခဲယမ်းတွေအပြင် ပြည်သူတွေဆီက ခိုးယူထားတဲ့ လက်ဝတ်ရတနာတချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် ညအိပ်စခန်းချနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က စစ်သား ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို ရိက္ခာဆန် ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို အလှူရှင်တွေရဲ့ လှူဒါန်းပေးမှုနဲ့ ရိက္ခာဆန် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ အညာဒေသပရဟိအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…
Read More

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) ဖြစ်ဟု NUG ဆို၊ NUG အပါအဝင် တော်လှန်ရေးအင်အားစုများအား အတိုက်အခံ၊ အစိုးရအားပုန်ကန်သူ ဟု ခေါ်ဝေါ်သုံးစွဲခြင်းများ မပြုရန် တောင်းဆို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ခံထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့အာဏာကို လုယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူ (Enemy of the State) ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၄) တပ်ရင်း၏ အခြေခံစစ်ရေးသင်တန်းဆင်းပွဲနှင့် တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား

ရှမ်းတောင်ကယား (ကရင်နီ) တိုင်းစစ်ဌာန ၊ ရှမ်းတောင်စစ်ဒေသ စစ်နည်းဗျူဟာအမှတ် (၁၄) ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၄) တပ်ရင်း ရဲ့ တပ်ရင်း အခြေခံစစ်ရေးသင်တန်းဆင်းပွဲ နဲ့ တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။