စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်ထဲမှာ နှစ်ရှည်စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၄ ရွာက ဒေသခံတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုတွေလိုအပ်နေတဲ့အပြင် စားဝတ်နေရေးတွေပါ ကျပ်တည်းလာနေတယ်လို့ ဆိုကြပါတယ်။

“စစ်ဘေးရှောင်လာရတာ နှစ်တွေကြာလာတာနဲ့အမျှ ခက်ခဲမှုတွေ တစ်ခုပြီးတစ်ခု ရင်ဆိုင်နေကြရတာပေါ့။ အခုစစ်ဘေးရှောင်နေရတဲ့သူတွေထဲမှာ အနည်းဆုံး ၁ နှစ်ကနေ ၄နှစ်နီးပါး ကြာမြင့်လာသူတွေ ရှိတယ်။ နေရပ်ပြန်လို့ မရတော့ဘူး။ လက်ရှိနေနေတဲ့နေရာမှာပဲ ဖြစ်သလိုစား ဖြစ်သလိုနေကြရတယ်” လို့ စစ်ဘေးရှောင်နေရသူ တစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ဘေးရှောင်လာသူတွေထဲမှာ ကလေးသူငယ်တွေနဲ့ အဘိုးအဖွားအရွယ် အသက်၆၀ ကျော်တွေပါပါဝင်နေတာဖြစ်ပြီး ဘယ်ကမှ အကူအညီတွေ မရောက်ရှိနိုင်တာကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း သူကဆိုပါတယ်။

မင်းကင်းနယ်မှာ ပျူစောထီးကျေးရွာ အများအပြားရှိနေပြီး ရွာခံတွေဟာ ပျူစောထီးတွေနဲ့ နီးကပ်စွာ မနေလို၊ မပတ်သက်လိုတာကြောင့် စစ်ရှောင်နေရာတွေမှာ လာရောက်နေထိုင်နေကြတာလို့ သိရပါတယ်။

စစ်ရှောင်တွေထဲမှာ ပညာသင်အရွယ် ကျောင်းသား အျားအပြား ပါဝင်နေပြီး CDM ဆရာ ဆရာမတွေက ကျောင်းသူကျောင်းသား ၁၀၀ ကျော်ကို ပညာသင်ပေးနေကာ ကျောင်းသုံးစာရေးကိရိယာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

မင်းကင်းနယ်က စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို အရှိူချင်းကာကွယ်ရေးတပ်နဲ့ မြို့နယ် ပ.က.ဖ ကူညီထောက်ပံ့ပေးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ငဖဲမြို့နယ် - ပ.က.ဖ (ငဖဲ) တို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ACDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ဗိုလ်မှူးအပါ စစ်ကောင်စီတပ်သား ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ အရာရှိအဆင့် ဗိုလ်မှူး (၁) ယောက်အပါအဝင် တပ်သားနဲ့ရဲ (၆၄) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၃)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

AA ထိန်းချုပ်ရာ နေရာများတွင် စက်တင်ဘာလအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၃ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားရာဒေသမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၂၃ ယောက် သေဆုံးပြီး ၄၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ULA/AA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဉ်ကျောပိတ်နေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။