စစ်ကောင်စီက ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

စစ်အာဏာသိမ်းမှု (၄) နှစ်တာကာလအတွင်း စစ်ကောင်စီက ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်တယ် လို့လည်း ထုတ်ပြန်ထားပါတယ်။

မနေ့က ဗုံးကြဲခံရသည့် ကျောက်မဲပြည်သူ့ဆေးရုံ
မနေ့က ဗုံးကြဲခံရသည့် ကျောက်မဲပြည်သူ့ဆေးရုံ

ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘဲ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပေးဖို့ တိုက်တွန်းတယ်လို့လည်း ရေးသားထားပါတယ်။

မနေ့က ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျောက်မဲမြို့၊ ပြည်သူ့ဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်တွေ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ စစ်သုံ့ပန်းတွေထားရှိရာ အဆောက်အအုံတွေကိုလည်း စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

မနေ့က ဗုံးကြဲခံရသည့် ကျောက်မဲပြည်သူ့ဆေးရုံ
မနေ့က ဗုံးကြဲခံရသည့် ကျောက်မဲပြည်သူ့ဆေးရုံ
0 Shares:
You May Also Like
Read More

အဖွဲ့အစည်းပိုင် လက်နက်ခဲယမ်းတွေ မရောင်းချဖို့ မြိုင် ပကဖ က ထုတ်ပြန်

တပ်ရင်းတပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းနဲ့ ပစ္စည်းအချို့ကို ကိုယ်ကျိုးအတွက် ရောင်းချခြင်းမပြုလုပ်ဖို့ မြိုင်ပကဖ က မနေ့က ဇန်နဝါရီလ ၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ 
Read More

တောင်သာ – မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ရဲ ၂ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ ပကဖ) - TTA PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ARSA သတ်ဖြတ်ခဲ့သည့် အရပ်သား ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိထားကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထက်အင်းချောင်းရွာ အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာ ငှက်ပျောတောအုပ်ထဲမှာ ARSA အဖွဲ့ သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အရပ်သားအလောင်း ၆ လောင်းကို တွေ့ရှိထားတယ်လို့ အာရက္ခတပ်တော် AA က အောက်တိုဘာလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးသီးအလုံးရေ ၇၀ နီးပါး ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကြို့ပင်ကောက်အရှေ့ခြမ်းတွင် ပေါ်တာဆွဲ စစ်အုပ်စုနှင့် PDF များ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၆ ဦး သေကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်မှုထမ်းပေါ်တာဆွဲဖို့ကြိုးစားတဲ့ စစ်အုပ်စုတွေနဲ့  ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း BTZM GBK PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံး

ပဲခူးတိုင်း တောင်ငူမြို့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ဌာနချုပ်ဝန်းထဲက အဆောက်အအုံတွေပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ၅ ယောက်သေပြီး အရာရှိတွေအပါ ၄ ယောက်ထိခိုက်သွားတယ်လို့ Brave…