မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေထဲက အိမ်ထောင်စု (၁၅၀) စာအတွက် စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRI ဗျူဟာ)က ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန်၊ ဆီ၊ အဝတ်အထည်တွေ၊ သက်ကြီးရွယ်အို အဖိုးအဖွားတွေအတွက် ထောက်ပံ့ကူညီငွေတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာက အမျိုးသမီးငယ်တွေအတွက် အမျိုးသမီးလစဥ်သုံးပစ္စည်းတွေနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေ သွားရောက်လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

TRI ဗျူဟာ ၊ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနဟာ ဝေမျှပေးဖို့ ပိုလျှံနေတဲ့ ပြည်သူနဲ့ လိုအပ်နေတဲ့ပြည်သူအကြား ပေါင်းကူးတံတားတစ်ခုသဖွယ် ဆက်သွယ်ပေးနေတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRIဗျူဟာ) ရဲ့ “ပြည်သူမှ ပြည်သူသို့” အစီအစဉ်မှာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း (၁၄) ခုက အိမ်ထောင်စု (၆၅၂)စု၊ လူဦးရေ (၂၁၉၈) ယောက်ကို ထောက်ပံ့ကူညီလှူဒါန်းပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကျေးရွာ( ၇ ) ရွာက စစ်ဘေးရှောင် အိမ်ထောင်စု (၁၃၇) စု၊ လူဦးရေ ( ၆၆၃) ယောက်အတွက် လှူဒါန်းပေးဖို့ ကျန်ရှိနေသေးပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ထပ်မံလှူဒါန်းပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRIဗျူဟာ) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ ဆန့်ကျင်ကန့်ကွက်ပွဲပြုလုပ် (ဓာတ်ပုံသတင်း)

တရုတ်နိုင်ငံမှ မြန်မာစစ်အုပ်စုကို ထောက်ပံ့ကူညီနေမှုများကို အမြန်ဆုံးရပ်တန့်ဖို့ဆန့်ကျင်ကန့်ကွက်ပွဲကိုပြုလုပ်အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ကလေးငယ် ၂ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါ အရပ်သား ၆ ဦး သေဆုံးခဲ့သည့် တောင်သာမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲမှု NUG ထုတ်ပြန်…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် နတ်စောင့်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူရွာ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါ ၂ ယောက် သေပြီး လက်နက်အချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ရွာရှိ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါ ၂ ယောက် သေပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)…
Read More

မြိုင်မှာ ​​ဗျူဟာမှူးလဲပြီး ပြန်လာတဲ့စစ်ကြောင်းက စစ်ရှောင်ရွာကို ဝင်စီးရင်း ဆန်နဲ့ အိမ်မွေးတိရိစ္ဆာန်တွေအပါအဝင် ဆိုင်ကယ်တွေကို ခိုးယူသယ်ဆောင်သွား…

"မြိုင် စက်မှု (၂) စစ်ကြောင်းက ဗျူဟာမှူးနဲ့ ပခုက္ကူကနေ မြိုင်အရှေ့တောင်ပိုင်း ညောင်တွင်းရွာကို ထ်က်လာတဲ့စစ်ကြာင်းက ဗျူဟာမှူးတို့ ချိန်းပြီး အဲ့ရွာမှာညအိပ်ကြတယ်။ ဘာလို့ချိန်းတာလဲတော့မသိပါဘူး။ န​​ယ်မြေအနေအထားကျွမ်းတဲ့သူကိုချိန်းတာလား။ ကျန်းမာရေးအခြေအနေကြောင့်လား။နယ်မြေအနေအထားအရ စစ်ပန်းနေလို့လားဆိုတာတော့တိတိကျကျမသိရပါဘူး။ စစ်ကြောင်းရိက္ခါတွေဝင်ခိုးယူတဲ့တဲတွေက လူတွေလွတ်အောင်ပြေးနိုင်ခဲ့လို့လွတ်တာပါ။ နို့မို့မိခဲ့ရင် အသက်ခံရမှာ"
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းက ရှေ့တန်းစစ်မြေပြင်တစ်ခုမှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - SSLRU က ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမှာ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲ

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်လှရွာနဲ့ ဂေါ်ရခါးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။