ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရှေ့တန်းစခန်းကနေ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံခဲ့ရတဲ့ တပ်စိပ်မှူးအပါအဝင် တပ်သား ၇ ယောက်ဟာ လက်နက် ၆ လက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်က ထုတ်ပြန်ထားပါတယ်။

ဘက်ပြောင်းခိုလှုံလာ​တဲ့ စစ်ကောင်စီတပ်သားတွေက MA-3(၂)လက်၊ MA-1(၄)လက်၊ ကျည် (၅၉၃)တောင့်နဲ့ ကျည်ဘောက်(၁၃)ဘောက်တို့ ယူဆောင်လာပြီး နေပြည်တော် ပကဖ ရဲ့ တိုင်းဦးဆောင်အဖွဲ့က လွှဲပြောင်းလက်ခံယူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အလင်းဝင်စစ်သားတွေရဲ့ အချက်အလက်တွေကို စစ်ဆေးမေးမြန်း မှတ်တမ်းတင်ပြီး ဘက်ပြောင်းခိုလှုံလာတဲ့ စစ်သားတွေကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ နေပြည်တော် ပကဖ က ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်မှာ ဆက်လက်အမှုထမ်းနေတဲ့ စစ်သားတွေအနေနဲ့ အာဏာရှင်တစ်စု အကျိုးအတွက် ဆောင်ရွက်နေတာကို အမြန်ဆုံးစွန့်လွှတ်ပြီး ပြည်သူ့နဲ့ ပူးပေါင်းနိုင်ဖို့ နေပြည်တော် ပကဖ က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံ၊ နွားထိုးကြီးနှင့် တံတားဦးတို့တွင် ၄ ရက်ဆက် တိုက်ပွဲပြင်းထန်၊ စစ်အုပ်စုဘက်က ​၂၀ ကျော်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်း မြင်းခြံ၊ နွားထိုးကြီးနဲ့ တံတားဦးမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ၄ရက်ဆက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အယောက်၂၀ နဲ့ အထက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၄၊ ၁၀) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦးနဲ့ ရဲတပ်သားတစ်ဦး အလင်း၀င်

ရန်ကုန်နဲ့ ရွှေဘိုမှ စစ်မှုထမ်း သင်တန်းဆင်း ၂ ဦး ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား၁ ဦး တို့လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့မှ သိရပါတယ်။
Read More

ပခုက္ကူခရိုင်တွင်း အကြမ်းဖက်စစ်ကြောင်းနှင့် တိုက်ပွဲ ၄ကြိမ် ဖြစ်ပွားပြီး ဖမ်းဆီးခံထားရသည့် အရပ်သား ၂ဦးကို ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားရာမှာ အကြမ်းဖက်စစ်သားအလောင်းတွေနဲ့ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ပြီး အရပ်သား ၂ယောက်ကိုပါ ကယ်ထုတ်နိုင်ခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ အစပိုင်းကစလို့ ပခုက္ကူခရိုင်အတွင်း ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်တွေမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
Read More

စစ်ကိုင်းတွင် စစ်ရေးကြောင့် ပိတ်မိနေသည့်နေရာကို စစ်အုပ်စု ဗုံးကြဲ၊ ပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းကြောင့် ပိတ်မိနေတဲ့ စစ်ကိုင်း-ကျောက်မြောင်း လမ်းပိုင်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက မောင်းကို ပြောပါတယ်။
Read More

ထီးလင်းမှာ စစ်တပ်စစ်ကြောင်း အသင့်စောင့်ဆိုင်းတိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအပါ ၁၀ ယောက်ကျော်သေပြီး လေကြောင်းပစ်ကူခေါ်ခဲ့ရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ထိခိုက်သေဆုံးသူ များခဲ့ကြောင်း သိရပါတယ်။
Read More

မြင်းခြံတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PDF များတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ PDF စခန်းကို ဝင်တိုက်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါးဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။