မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာ၊ ဘိုကလေးကျောင်းတိုက်အနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၂၂ ရက်မှာ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒုံးကျည်ပစ်ခတ်တိုက်ခိုက်နေပုံ (ဓာတ်ပုံ တောင်ပိုင်းစစ်ဒေသ၏ ရုပ်သံမှတ်တမ်းမှ)

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ် အသုံးပြုတဲ့ ကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၁၈၀၃ SDDF Missile Team နဲ့ တော်လှန်ရေး မဟာမိတ်အင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မဒေါက်-ရွှေကျင် လမ်းပိုင်းရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်-ရွှေကျင် လမ်းပိုင်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၇၀၃ (Fire Dragon) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ ရန်ကုန်သပိတ်ရဲဘော် ၄ ဦး ဖမ်းဆီးခံရ

တကသ ကျောင်းသားဟောင်းများ အင်အားစု တွဲဖက်တည်ထောင်သူ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ရဲ့ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) အဖွဲ့ဝင် မမြမဉ္စူ နဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ ၄ ဦးတို့ဟာ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းမှာ မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ်ရရှိခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရတာပါ။
Read More

တော်လှန်ရေး ကြာမြင့်လာသည်နှင့်အမျှ လုပ်ဆောင်မှုတိုင်းက ချက်ချင်းမြင်သာသည့် အကျိုးရလဒ်များ ဖော်ပြနိုင်ရန် လိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လုပ်ဆောင်မှုတိုင်းဟာ ချက်ချင်း မြင်သာတဲ့ အကျိုးရလဒ်တွေ ဖော်ပြနိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

မင်္ဂလာဒုံဆေးရုံ တစ်ခေါက်လိုက်ပို့ရင် ဓာတ်ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပရဟိတအသင်းတွေကို စစ်ကောင်စီ ကမ်းလှမ်း

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပရဟိတအဖွဲ့အစည်းတွေကို စစ်ကောင်စီက သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို  ရန်ကုန် မင်္ဂလာဒုံဆေးရုံ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မတ္တရာ၊ တောင်သာနှင့် ကောလင်းတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ယောက်ရှိ၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

အပစ်အခတ်ရပ်စဲကြောင်း အသံထွက်ထားတဲ့ စစ်ကောင်စီက မန္တလေးတိုင်း မတ္တရာ၊ တောင်သာနဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိ​ခဲ့ပါတယ်။