မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ (ဇန်နဝါရီ ၂၆ ရက်) မနက် ၇ နာရီ ၅၀ မိနစ်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပါဝင်တယ်လို့လည်း ကနဦး သတင်းတွေအရ သိရပါတယ်။

အဆိုပါနေရာမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အရပ်သားနေရာတွေကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းကို ဂျက်တိုက်လေယာဉ်နဲ့ ပေါက်ကွဲအားပြင်းတဲ့ ဗုံး ၂လုံး ကြဲချခဲ့တဲ့အပြင် MI-35 ရဟတ်ယာဉ်ပေါ်ကနေလည်း စက်သေနတ်နဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း အရပ်သားပစ်မှတ်တွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဦးစားပေးပစ်မှတ်ထားကာ တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ဒီလုပ်ရပ်တွေအပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်၊ နောင်ကျေးရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အဘွားအို ၁ ဦးသေဆုံးပြီး မိန်းကလေးငယ် ၁ ဦး ဒဏ်ရာရ…

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက  ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 
Read More

ဖြူး-အုတ်ဖြတ်လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ကားမှောက် ဒဏ်ရာရခဲ့လို့ လာမယ့် One Championship ပွဲစဉ်လွဲချော်

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ကရင်ပြည်နယ်ကနေရာတစ်ခုမှာမော်တော်ယာဉ်တိမ်းမှောက်ပြီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ မနေ့က နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Read More

KNDF ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ် (၃) ၏ တပ်ဗိုလ်၊ တပ်မှူးများ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ စစ်ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ်(၃)က တပ်ဗိုလ် ၊ တပ်မှူးတွေ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ KNDF ဖယ်ခုံဇုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။