ရှေ့တန်းစစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်အောင် အခြေခံစစ်ပညာသင်တန်းကာလကတည်းက ရဲဘော်တွေကို သင်ကြားပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း (Myanmar Defense Force) က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။

ဒါ့အပြင် ရှေ့တန်းစစ်မြေပြင်မှာ ခဲယမ်း မလုံလောက်ရင် ဓားနဲ့ ဝင်ခုတ်ပါလို့ ဘယ်တုန်းကမှ အမိန့်မပေးရက် ၊မသင်ပြရက်ခဲ့တာကြောင့် တိုက်ပွဲအတွင်းမှာ ခဲယမ်း မလုံလောက်ရင် စိတ်ဓာတ်ကျတဲ့ ရဲဘော်တွေအတွက် ရိုးမအလှည့်အပြောင်း ကျည်တစ်သောင်းကမ်ပိန်းမှာ အားဖြည့်ပေးဖို့ Myanmar Defense Force က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

အမှတ် ၁ စစ်ဒေသမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှာ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု တရုတ်ရှုံ့ချ

ပြီးခဲ့တဲ့အပတ်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို တရုတ်နိုင်ငံက ရှုံ့ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၂၁ ရက်မှာ ပြောပါတယ်။
Photo - စစ်ကောင်စီထံက ရရှိလိုက်တဲ့ သေနတ်များ
Read More

ဖာပွန်မှာ စစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရ အရာရှိအဆင့်အပါအ၀င် ၃၀ထက်မနည်းသေ

တပ်စခန်းစွန့်ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုတိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် ၃၀ထပ်မနည်း သေဆုံးကာလက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က အသိပေးထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၃၀ရက်နေ့ကဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဘက်သို့ တပ်ဆုတ် အပြန်တွင် KNLAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့်…
Read More

လေးနှစ်တိုင် CDM ဝန်ထမ်းများ တိုက်ပွဲဝင်နေမှုအပေါ် အပြည့်အ၀မကူညီနိုင်ခဲ့ဟု NUG ပြော

CDM လှုပ်ရှားမှုတွေထဲက ပြည်သူ့ဘက်တော်သားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကြီးမားတဲ့ကဏ္ဍက ပါဝင်နေလို့ CDM သူရဲကောင်းအားလုံးကို ဦးညွတ်အ‌လေးပြုကြောင်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
Read More

ကသာမြို့သိမ်းတိုက်ပွဲကြောင့် စစ်ရှောင်နေရသည့်နေရာကို အကြမ်းဖက်စစ်တပ်လေကြောင်း ဗုံးကြဲ

တော်လှန်ရေးအင်အားစုတွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကသာမြို့ ပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီလ ၂ ရက် ဒီကနေ့ မနက်စောပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦး အပါ ပြည်သူ (၅) ဦး ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။