ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့က ဧရာဝတီ-ရခိုင် နယ်စပ် ၁၈ မိုင်မှာ ရခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဇန်နဝါရီ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ အဲဒီတိုက်ပွဲကို စက်တပ်လေထီးတွေနဲ့ သွားရောက်ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

“မနက်က စက်တပ်လေထီး ၂စီး ပျံတက်သွားတယ်၊ ကျုံပျော်မြို့ရဲ့အနောက်ဘက် ဗုံးသွားကြဲတယ်လို့ကြားတယ်၊ အတော်လေးကြာတယ်၊ နေ့ခင်း ၁၂ နာရီ ၄၀ မိနစ်လောက်မှ တပ်ထဲ ပြန်ဝင်လာတယ်၊ အခုက လေ့ကျင့်ပျံသန်းတာ မဟုတ်တော့ဘူး၊ တိုက်ပွဲဖြစ်တဲ့နေရာကို ဗုံးသွားကြဲတာ” လို့ ခလရ ၃၆ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“အခုဆိုရင် တပ်ထဲမှာ အုတ်သဲကျောက်တင်တဲ့ ကားအကြီးတွေ ရောက်နေတယ်၊ ရှေ့တန်းကအကြမ်းဖက်တပ်တွေကို ရိက္ခာပို့ပေးဖို့ ကားတွေ ခေါ်ယူထားတာ၊ ဒီရက်ထဲ ရခိုင်​နဲ့ဧရာဝတီအစပ်မှာရှိတဲ့ စစ်သားတွေကို ရိက္ခာပို့ဖို့ရှိတယ်” လို့ သူကဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အခုအခါ စစ်ဆင်ရေးတွေမှာ လေယာဉ်ဗုံးကြဲတာအပြင် စက်တပ်လေထီးတွေကို ပိုမိုအသုံးပြုကာ ကင်းထောက်တာတွေ၊ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၁၀ ဦး သေဆုံးခဲ့ဟု NUG တရားဝင် ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

လွတ်လပ်ပြီး တရားမျှတသည်ဆိုတဲ့ ရွေးကောက်ပွဲအတုတွင် မပြိုင်ရသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရနေ

အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ USDP ဟာ စစ်တပ်ကပဲ စီစဥ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ မစတင်ခင်အချိန်မှာ လွှတ်တော်အမတ်နေရာ ၂၈ နေရာကို အနိုင်ရနေပြီ ဖြစ်ပါတယ်။
Read More

KTLA တပ်ဖွဲ့များ ခြုံခိုတိုက်ခိုက်မှုကြာင့် KNLA တပ်မဟာ (၄) ရဲဘော် (၄) ဦး ထိခိုက်ဒဏ်ရာရဟု KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်မြေအတွင်း ကော်သူးလေစစ်တပ် (KTLA) ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNU တပ်မဟာ ၄ မှ ရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (‎KNU) - မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်နဲ့ ပေါက်အစပ်မှာ စစ်တပ်က ဒေသကာကွယ်ရေးစခန်းကို မီးရှို့ဖျက်ဆီးပြီး စစ်ရှောင်ဒေသခံတွေကိုပါ ဖမ်းဆီးထား၊ စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၁၅ ရွာက ပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ဒေသတော်လှန်ရေးတပ်တစ်ခုရဲ့ စခန်းကို ဝင်ရောက် မီးရှို့ဖျက်ဆီးရာ ငွေကျပ်သိန်း ၄၅၀နီးပါး ပျက်စီးဆုံးရှုံးသွားကြောင်း သိရပါတယ်။
Read More

သဲကုန်းမြို့နယ်တွင် စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က စစ်အုပ်စုကို ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေရှိခဲ့တယ်လို့ ပြည်ခရိုင် ၃၈၀၁ တပ်ရင်း စစ်ထောက်လှမ်းရေး နဲ့ သတင်းပြန်ကြားရေးဆီက သိရပါတယ်။