ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဇင်းဂလင်းကျေးရွာရှိ စစ်တပ် အထိုင်ဂိတ်ကို ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၄ လုံးကျဲ တိုက်ခိုက်ခဲ့ပြီးဇန်နဝါရီလ  ၂၃ ရက်နေ့တွင်လည်း ဇင်းဂလင်းကျေးရွာ စစ်တပ်ဂိတ်နှင့် ထိုမာ GTC ရှိ စစ်တပ် အထိုင်ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း GTC အတွင်းရှိ စစ်တပ် အထိုင်ဂိတ်၏ စစ်ကောင်စီ တပ်သားများ Drone Gun ပစ်ခတ်သော နေရာကိုလည်း အသေခံ ဒရုန်း ၁ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး ထက်မနည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကွယ်ရေးအဖွဲ့ (ပကဖ) ရုံး Drone Team Wing of Kalay တပ်ဖွဲ့နှင့် ကလေးမြို့နယ်ပကဖ တိုက်နယ် ၃ တပ်ဖွဲ့ဝင်များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဟန်ပြအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုတွင် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲများ ဖြစ်ပွားနေဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး ထိန်းချုပ်နယ်မြေများကို စစ်သည်အင်အား အကုန်ထုတ်သုံး၍ ကာကွယ်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် 

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးခြေလှမ်း မရပ်တန့်ဘဲ စစ်သည်အင်အား အကုန်သုံးပြီး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

အမှတ် (၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲနှင့် အချိန်ကိုက် “ဝ”တပ်ရဲ့ လက်နက်ပိတ်ဆို့မှု 

စစ်ကော်မရှင်က တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အပူတပြင်းလုပ်ဆောင်နေတဲ့ အချိန်မှာ "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ကနေ လက်နက်ထောက်ပံ့မှုတွေ အားလုံးကို ရပ်ဆိုင်းမယ်ဆိုတဲ့ ကြေညာချက်က အချိန်ကိုက် ထွက်ပေါ်လာပါတယ်။ 
Read More

အတုအယောင် ရွေးကောက်ပွဲလွန် ကာလတွေအထိ အတူရပ်တည်ပေးဖို့ နိုင်ငံတကာကို NUCC တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အဆိုပါအတုအယောင် ရွေးကောက်ပွဲရလဒ်နဲ့ အတုအယောင် အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဆက်လက်အသိအမှတ်မပြုဖို့ NUCC က နိုင်ငံတကာကို ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပပါလီမန်အပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ နိုင်ငံအများစုဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို အသိအမှတ်မပြုတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ခဲ့တာပါ။
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။