ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီအင်အား ၇၀၀ ကျော်ထဲက အယောက် ၂၀၀ ထက်မနည်းကို PNLA က ခုခံချေမှုန်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ပအိုဝ်းပြည်သူတွေကို ပေါ်တာဆွဲ အင်အားဖြည့်တင်းကာ လူသားဒိုင်းကာအဖြစ် အသုံးပြုပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၇ ရက်ကစလို့ ဆီဆိုင်မြို့နယ်အရှေ့ခြမ်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO ပူးပေါင်းစစ်ကြောင်းဟာ သာမန်လက်နက်ကြီးကျည်တွေသာမက အဆိပ်ပါဝင်တဲ့ လက်နက်ကြီး ကျည်တွေနဲ့ပါ ပအိုဝ်းကျေးရွာထဲ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLA က ဆိုပါတယ်။
ဇန်နဝါရီ ၂၄ ရက်က စစ်ကောင်စီတပ် ပစ်ခတ်လာတဲ့ လက်နက်ကြီးကျည် ၁ လုံးကို PNLA က တူးဖော်ရရှိခဲ့ရာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဟာ အဆိပ်ကျည်ဖြစ်တာကို တွေ့ရှိရသလို ကျည်ပေါ်မှာလည်း အဆိပ် လို့ ရေးသားထားတာကို တွေ့ရှိရတယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီကျည်အမျိုးအစားတွေကို အရင်က အသုံးပြုတာ မတွေ့ရှိဖူးဘဲ အခုတွေ့ရှိမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီက ကျင့်ဝတ်မဲ့စွာ စစ်ရာဇာဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ် အရင်ရက်တွေက ပစ်ခတ်တဲ့ အဆိပ်ကျည်သင့်မှုကြောင့် ရဲဘော်တချို့လည်း အရေပြားယားယံခြင်း၊ အပြင်းအထန်ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း စတာတွေ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဇန်နဝါရီ ၂၂ ရက်မှာ ၄ ကြိမ်၊ ၂၃ ရက်မှာ ၂ ကြိမ်၊ ၂၄ ရက်မှာ ၂ ကြိမ် ဆီဆိုင်မြို့နယ်အရှေ့ခြမ်းရှိ အိုဝ်းကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီး၊ ဒရုန်း၊ မီးလောင်ဗုံးတွေပါ အသုံးပြု တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ထီစုံကျေးရွာက နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့မှု အပါအဝင် ပအိုဝ်းပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးပျက်စီးခဲ့သလို ပအိုဝ်းကျေးရွာတွေက ပြည်သူ ၄ ထောင်ကျော် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ချင်းပြည်အတွင်း ရွေးကောက်ပွဲ ဝင်ပြိုင်သူ၏ ပိုင်ဆိုင်မှု​များကို ပြည်သူပိုင်သိမ်းပြီး ထောင်ဒဏ်ပါ ကျခံရမည်ဟု ချင်းပြည်ကောင်စီကြေညာ

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရင် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းမှာ ဖြစ်သလို ထောင်ဒဏ်ပါ ကျခံရမယ်လို့ ချင်းပြည်ကောင်စီ (CC) ကနေ ဒီနေ့ နိုဝင်ဘာလ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ တိုင်းရင်းဆေးရုံထဲအထိုင်ချထားတဲ့ စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးမှန်လို့ လယ်ထဲပေါင်းနုတ်နေတဲ့ အမျိုးသမီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့လို့ ပေါင်းနုတ်နေတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ဆက်ကြေးကောက်ရန် ထွက်လာသည့် တောပုရွာ ပျူစောထီးများ မိုင်းဆွဲခံရ၊ ၁ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ မာထောတပ်စခန်းကြီးကို KNU သိမ်းပိုက်ရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)အတွင်းမှာရှိတဲ့ မာထော စစ်ကောင်စီတပ်စခန်းကြီးကို သိမ်းပိုက်ရရှိခဲ့ပြီလို့ KNU က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား…

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ စစ်အုပ်စုက ဇီးကုန်းတိုက်နယ် ရွာ ၃ရွာကို ထပ်မံမီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဇီးကုန်းတိုက်နယ်ထဲက ကျေးရွာ ၃ရွာကို ထပ်မံ မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။