မကွေးတိုင်း မြိုင်မြို့ကနေ စက်မှု ၂ ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။
ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီခန့်မှာ အကြမ်းဖက်စစ်သားတွေ နားနေတဲ့ နေရာကို ရော့ကတ် ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ည ၁၁ နာရီခွဲအချိန်မှာ နောက်ထပ် ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရော့ကတ်တွေဟာ သူတို့ နားနေတဲ့ နေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီး ၂ လုံး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဇန်နဝါရီ ၁၂ ရက်က မြိုင်မြို့အရောက်မှာ တစ်ကြိမ်၊ ဇန်နဝါရီ ၁၇ ရက် ကန်နီမြို့ဘက်အထွက်မှာ တစ်ကြိမ် တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မင်းတပ်မြို့ စံမင်းသီရိကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ စံမင်းသီရိကုန်းမှာ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေကို နိုဝင်ဘာ ၁၁ ရက်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေစဉ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မဂျီကျေးရွာ အထိုင်ချ စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မဂျီကျေးရွာမှာ အင်အား ၅၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ထံက သိရပါတယ်။
Read More

စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုးနယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ တောင်သာ PDF မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA-PDF) မှ စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုး နယ်မြေတွေအား ထိန်းချုပ်နိုင်ဖို့ အပတ်စဉ် (၉)အတွက် တပ်သားသစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

မြစ်ခြေမြို့နယ်အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး အရပ်သား ၃ ဦးကို သတ်ဖြတ်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရမုတ်ဖြင့် ထိန်းချုပ်နိုင်သည့် ကားကို ထုတ်ဖော်ပြသ (ရုပ်/သံ)

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရမုတ်နဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ ကားကို ထုတ်ဖော်ပြသလိုက်ပါတယ်။
Read More

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို အောက်တိုဘာ ၂၀ ရက် မနေ့ည ၈ နာရီခွဲဝန်းကျင်ခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။