စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်တွေကို လုံခြုံ‌ရေးပေးဖို့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 people’s defense force အဖွဲ့ထံက သိရပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က သံပြားကာယာဉ် ၈ စီးဟာ ကြေးနီတင်ဆောင်မယ့် ယာဉ်တန်းကို လုံခြုံရေးပေးဖို့ ထွက်ခွာသွားကြောင်း မုံရွာကင်းထောက်အဖွဲ့ရဲ့ သတင်းပေးပေးပို့ချက်အရ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြင်းအားမြင့် ပဒေသာမိုင်းလေးလုံးတစ်ပွိုင့်နဲ့ ထိထိမိမိဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ ယာဉ်ဟာ ရပ်တန့်သွားပြီး လမ်းကင်းပုန်းယူထားတဲ့ အကြမ်းဖက်စစ်သားတွေက ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီမိုင်းခွဲတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဖေါက်ခွဲရေးအဖွဲ့နဲ့ Area 71 PDF Monywa၊ နယ်စည်းမခြား လက်နက်ကြီးတပ်ဖွဲ့၊ ကမျဉ်းနီ (K .M .N) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူအများအပြား ဝရုန်းသုန်းကားထွက်ပြေးရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူအများ အပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် Rဇာနည်၏ မွေးနေ့ဆုတောင်းစကား (ရုပ်/သံ)

မကြာခင် အသက် ၈၀ ပြည့်မြောက်တော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် အဆိုတော် R ဇာနည်က အသက်ရှည်ကျန်းမာပြီး အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ‌မွေးနေ့ဆုတောင်းစကား မ ပြောကြားခဲ့ပါတယ်။
Read More

မြေတူးယာဉ်ကို အကာအကွယ်များ တပ်ဆင်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးရဲဘော်များ (ရုပ်/သံ)

တော်လှန်ရေးရဲဘော်တွေဟာ ကွင်းပြင်တစ်ခုအတွင်း ရန်သူရဲ့ စခန်းတစ်ခုကို တိုက်ခိုက်ဖို့အတွက် မြေတူးယာဉ်ကို အကာအကွယ်ယူ တိုက်ပွဲဝင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို Union Liberation Front - ULF V 02 က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး နှိုးဆော်စာများ ဒရုန်းနဲ့ ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်ကို အတုအ‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး နှိုးဆော်စာများ ဒရုန်းနဲ့ ကြဲချခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်၊ NUGမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရွှေဘိုမြို့ပေါ်ကို "အတုအယောင်ရွေးကောက်ပွဲ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြ"၊ "စစ်အာဏာရှင်ရဲ့ ထွက်ပေါက် မြှောက်မပေးနဲ့"၊ "မသမာတဲ့မဲရုံလမ်း ဖြတ်သန်းလို့တောင်မသွားနဲ့"၊ "သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့"၊ "ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး" စတဲ့ စာသားပါ စာရွက်တွေကို ဒရုန်းနဲ့ ကြဲချပြီး အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေး နှိုးဆော်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်မြို့နယ်ထဲက အင်အား ၆၀ နဲ့ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် တပ်ကြပ် ၁ ဦး အပါအဝင် ၃ ဦး ဖမ်းဆီးမိ (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းခဲ့တယ်လို့ Nay Pyi Taw PDF-Battalion 901  က သတင်းထုတ်ပြန်ထားပါတယ်။
Read More

MNDAA တပ်များ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သည့် လားရှိုးမြို့တွင် စစ်ကောင်စီ ဆေးရုံဖွင့်ပွဲ ပြုလုပ် (ရုပ်/သံ)

MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တဲ့ လားရှိုးမြို့မှာ စစ်ကောင်စီက မေလ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ဆေးရုံဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။