တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေသူတွေကို ဝင်ရောက်ဖမ်းဆီးကာ ပါဝင်သူတွေကိုသတိပေးအရေးယူတာတွေ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။
ဇန်နဝါရီ ၂၀ရက် ညနေပိုင်းက လောင်းလုံးမြို့နယ်၊ က ထောင်းနီကျေးရွာအတွင်း နတ်ပွဲအကြောင်းပြပြီး သီးခြားပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးရာ လောင်းကစားပြုလုပ်နေသူတွေနဲ့ ဆက်စပ်ပစ္စည်းတချို့အပြင် ငွေကြေးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
လောင်းလုံးပကဖအနေနဲ့ ဖမ်းဆီးရမိသူတွေကို သီးခြားဒဏ်ကြေးငွေပေးဆောင်စေပြီး နောက်နောင် လောင်းကစားဝိုင်းတွေမပြုလုပ်ဖို့နဲ့ ပါ၀င်ကစားခြင်းတွေ မလုပ်ဆောင်ကြစေဖို့ ခံ၀န်ကတိပြု လက်မှတ်ရေးထိုးစေပြီး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လောင်းကစားဝိုင်းတွေကနေ သိမ်းဆည်းရမိတဲ့ လောင်းကစားငွေ စုစုပေါင်း ၂၄,၂၈၅,၇၅၀ ကျပ်ကို တော်လှန်ရေးလုပ်ငန်းစဉ်တွေအတွက် အသုံးပြုသွားမယ်လို့ လောင်းလုံးပကဖက ထုတ်ပြန်ပါတယ်။
“နတ်ပွဲဆိုပေမယ့် လောင်းကစားလုပ်ချင်လို့သက်သက်မဲ့ အကြောင်းပြပြီး လုပ်နေတာပါ။ အရှေ့မှာ မနှစ်ကလည်း ဖမ်းထားတာအများကြီးပဲဗျ။ ဒီနှစ်က အဲဒါပထမဆုံးဖမ်းတာပဲ။” လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။
လောင်းလုံးမြို့နယ်အတွင်း လောင်းကစားဝိုင်းတွေလုံးဝ မပြုလုပ်ဖို့ ပကဖ သတိပေးထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးထုတ်ပြန်ထားကြောင်းနဲ့ ဆက်လက်ပြုလုပ်နေမယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ လောင်းလုံးပကဖ က ပြောပါတယ်။
ပုံစာ – လောင်းလုံး ပကဖ ဝင်ရောက်ဖမ်းဆီးခဲ့သော လောင်းကစားဝိုင်းများ
0 Shares:
You May Also Like
Read More

ဂန့်ဂေါ ခလရ ၅၀ ကနေ ပင်လယ်ဘူး ပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို ဆိုသူ တိုက်ပွဲမှာ ဆီးခုံကျည်မှန်ပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကနေ ပင်လယ်ဘူးတိုက်ပွဲဆီ ရဟတ်ယာဥ်နဲ့ စစ်ကူပို့ဆောင်ခံရတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူး ခန့်မင်းကို ဆိုသူဟာ ဆီးခုံကျည်ထိမှန်သေဆုံးသွားတယ်လို့ ယောအလင်းတန်း အဖွဲ့ဝင်ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ဦး သေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာသုံးကာ ပေါင် (၂၅၀) ဗုံး (၂) လုံးနဲ့ အတွဲလိုက်ဒုံး (၁၅) လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦးထောင်မှာ နိုင်ကျဉ်းတစ်ယောက်ကို အပြစ်ကျူးလွန်ခြင်းမရှိဘဲ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုထက်လင်းဦး (ခ) အိုဝမ်းကို ထောင်အာဏာပိုင်တွေက အပြစ်ကျူးလွန်ထားခြင်းမရှိဘဲ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 
Read More

သန်လျင်မြို့ အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာကို အကြမ်းဖက်စစ်တပ် ညမထွက်ရ အမိန့်ထုတ်

ရန်ကုန်တိုင်း၊ သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာတစ်ခုလုံးကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ ရက်ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မှာ ၂ ငါးလုံးအထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်”စာသားကို ကိုင်ဆောင်ပြီး လမ်းလယ်ခေါင်မှာ ဆန္ဒထုတ်ဖော်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့တစ်နေရာမှာ ၂ ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်တွင် ဧည့်စာရင်းလိုက်စစ်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဖောက်ခွဲ ခြိမ်းခြောက်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ရှေ့ပြင်ရပ်ကွက်လမ်းဆုံမှာ ဧည့်စာရင်းလိုက်စစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ​မိုင်းဖောက်ခွဲပြီး ခြိမ်းခြောက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။