စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းဆီ ပို့မယ့် စစ်ကောင်စီရဲ့ ရိက္ခာထုပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDF က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၅ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ် ရိက္ခာထုပ်တွေကို သိမ်းဆည်းရရှိရာ ဆန်အိတ် ၁၃ ပိုင်း၊ ဆီတစ်ပုံံး၊ ကြက်သွန်ဖြူနီ ၅ ပိဿာခန့်၊ ငါးခြောက် ၅ ပိဿာခန့်၊ ကော်ဖီမစ်ထုပ်ကြီး ၇ ထုပ်၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ဆေးဝါးမျိုးစုံ၊ အလှကုန်နဲ့ အသင့်စား အစားအစာတွေ ပါရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၂ရက်က စစ်ကောင်စီ​ရဲ့ ပျူစောထီးအားကောင်းရာ တောပုကျေးရွာကနေ အင်အား၂၅ ယောက်ခန့်နဲ့ ညောင်ဖြူပင်ကျေးရွာဘက်ကကို ရိက္ခာပို့ဖို့ လုပ်ဆောင်နေချိန် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိတဲ့ ရိက္ခာထုပ်များ
ဓာတ်ပုံ – ချောင်းဦး PDF
0 Shares:
You May Also Like
Read More

ထီးလင်းက စစ်ကောင်စီတပ်သား ၁ ယောက် ဂန့်ဂေါခရိုင် တပ်ရင်း ၁၈ ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြင့်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်း - Yaw National Revolution Force ဆီကို ထီးလင်းမြို့က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အပြစ်မဲ့အရပ်သား ၁ ယောက် ခေါင်းကို ဗုံးမှန်​သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျွန်းခုံသာရွာသား ၁ ယောက် ခေါင်းကို ဗုံးထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၅ ရက် ဒီနေ့မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊…
Read More

KNDF ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ် (၃) ၏ တပ်ဗိုလ်၊ တပ်မှူးများ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ စစ်ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ်(၃)က တပ်ဗိုလ် ၊ တပ်မှူးတွေ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ KNDF ဖယ်ခုံဇုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို လက်ခံဖို့ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ပြော

စစ်သားတွေရဲ့ အသက်ကိုငဲ့ညှာပြီး ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လက်ခံပေးပါလို့ AA က သုံးပန့်အဖြစ် ဖမ်းဆီးထားတဲ့ နပခ တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကပြောကြားလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း ပြည်သူ ၁၅၀ နီးပါး သေဆုံးဟု AAPP ထုတ်ပြန်

နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း အရပ်သား ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူလူထု လေကြောင်းရန်ကာကွယ်ရေးအတွက် MDY-PDF အရေးပေါ် ဗုံးခိုကျင်းများ ဆောက်လုပ်ပေးနေ

မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။