စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေက စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ တွေ့ဆုံပွဲမှာ အကြံပြုဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေက ဇန်နဝါရီ ၂၄ ရက် မနေ့ကညပိုင်းမှာ ထုတ်ပြန်ဖော်ပြပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်က နိုင်ငံရေးပါတီတွေနဲ့ NSPNC တို့ နေပြည်တော်မှာ နှစ်ရက်ကြာ တွေ့ဆုံခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် တစ်ချိန်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အဖြစ် ထင်ရှားခဲ့တဲ့ ဦးကိုကိုကြီးနဲ့ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်အပါအဝင် စစ်ကောင်စီ အသိအမှတ်ပြုထားတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကာ စစ်ကောင်စီရဲ့ NSPNC ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ ကော်မတီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီနဲ့ ပနံသင့်တဲ့ နိုင်ငံရေးပါတီတွေက ၂၀၂၅ ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံတော်အေးချမ်းအောင် လုပ်ဆောင်သင့်တဲ့ အစီအမံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ လက်နက်ချအလင်းဝင်တာတွေ များလာအောင်လုပ်ဖို့ကို အကြံပြုတင်ပြခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်အသက်သွင်းခဲ့တာဖြစ်ပြီး တစ်နှစ်နီးပါးအကြာမှာ နည်းဥပဒေကို ဆက်လက် ပြဋ္ဌာန်းလိုက်သလို နည်းဥပဒေ မပြဋ္ဌာန်းခင်ကတည်းက ဖွင့်လှစ်နေတဲ့ စစ်မှုထမ်းသင်တန်းဟာ အပတ်စဉ် (၉) အထိ ရှိနေပြီဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမှုပေါင်း ၁၁၆၀ ရှိပြီး ဖမ်းဆီးခံရသူပေါင်း ၂၂၇၆၅ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကောင်စီရဲ့ NSPNCနဲ့ နိုင်ငံရေးပါတီတွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေတာကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်က တွေ့ရစဉ်
0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့အနီး ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်းစဉ့်ကူးမြို့အနီးမှာ ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းများ ချန်ရစ်ခဲ့သူ မာရဇ္ဇ၏ နောက်ဆုံးခရီး

ပရိသတ်တွေအတွက် ကိုယ်ပိုင်ဂီတအနုပညာတွေ ဖန်တီးပေးခဲ့တဲ့ အဆိုတော် မာရဇ္ဇရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက်၊ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုတော် မာရဇ္ဇ (ခေါ်) မာကြီးရဲ့ နောက်ဆုံးခရီးကို အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေအပြင် သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
Read More

ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦးအကျဉ်းထောင်တွင် ခရစ္စမတ်ဆုတောင်းနေစဉ် အမျိုးသမီး အကျဉ်းသူများကို ထောင်အာဏာပိုင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့မှာ အကျဉ်းထောင်အတွင်း အမျိုးသမီးဆောင်က အကျဉ်းသူတွေ ခရစ္စမတ်ဆုတောင်းပွဲပြုလုပ်နေစဉ် ထောင်အာဏာပိုင်တွေက ဝင်ရောက်ရိုက်နှက်မှုကို ပြုလုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၄ ခုက ပူးတွဲ သတင်းထုတ်ပြန်လာပါတယ်။
Read More

ဖားကန့်ကျောက်ဝိုင်း ပစ်ခတ်မှုကြောင့် ထွက်ပြေးခဲ့ရပေမယ့် ဘယ်အဖွဲ့လာပစ်လဲဆိုတာ အခုထိ မသိရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ မနေ့ညက အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် သေနတ်ပစ်ဖောက်ခဲ့တာကြောင့် လူအများအပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရပါတယ်။