ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က အပျော်အပါးတွေနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်းလျက်ရှိတယ်လို့ သိရပါတယ်။
ဖမ်းဆီးထားတဲ့ လူငယ်တွေကို အရက်နဲ့ မူးယစ်ဆေးကို အသုံးပြုခွင့်ပေးထားပြီး လောင်းကစားတွေကိုလည်း တရားဝင်ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အုတ်ဖို၊ မင်းလှ၊ နတ်တလင်းဘက်တွေမှာ အလားတူကိစ္စတွေကို ခွင့်ပြုပေးထားပြီး လူငယ်တွေကို အပျော်အပါးနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်းလျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် (၁၉) အထိရောက်နေပြီး အပတ်စဉ် (၁) တစ်ခုကို လူ ၅၀၀၀ နှုန်း ခေါ်ယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ လူဦးရေ ၄၅၀၀၀ အထိ ခေါ်ယူထားပြီးပြီလို့ နားလည်ရပါတယ်။
0 Shares:
You May Also Like
Read More

အုန်နှဲဘုတ်ရွာကို စစ်တပ်က ညအချိန် ဝင်ရောက်စီးနင်းတဲ့အတွက် ပြည်သူထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အုန်နှဲဘုတ်ရွာကို မနေ့ညပိုင်းက အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းလာတဲ့အတွက် ပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်ခဲ့ရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

ဗန်းမော်တွင် ပစ်ချခံရသည့် အကြမ်းဖက်စစ်တပ်၏ Mi17 ရဟတ်ယာဉ်အပျက်အစီးနှင့် ရုပ်အလောင်း ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဒီနေ့ မေလ ၂၀ ရက်မှာ KIA က ပစ်ချခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့  Mi-17 ရဟတ်ယာဉ်အပျက်အစီးနဲ့ တပ်သားအလောင်းဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

သိမ်ဇရပ်မြို့အနီး ကျောက်မိုင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးက ကျောက်မိုင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပကဖထံက သိရပါ တယ်။
Read More

သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်သားများ ထိခိုက် သေဆုံးနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာ ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်း (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကျားထိုးတက်ပြီး လိုက်လံရှင်းလင်းနေတဲ့ မှတ်တမ်းရုပ်သံကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။