ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ အဓမ္မစစ်မှုထမ်းခဲ့ရတဲ့ စစ်သား ၇ ယောက် အလင်းဝင်လာတာကို သွားရောက်ခေါ်ဆောင်ချိန် ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၂ ယောက် ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ပင်လောင်း စစ်ဆင်ရေးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နေပြည်တော်-ဇေယျာသီရိမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ယက္ခနဲ့ နေပြည်တော်- လယ်ဝေးမြို့နယ် (ပကဖ)ရဲဘော် သူရတို့ ဒဏ်ရာတွေ သက်သာနေပြီလို့ ဆိုပါတယ်။
သွေးထွက်မလွန်အောင် ဦးစွာကုသပေးခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF B0-11 က ဆေးမှူး၊ ဒဏ်ရာတွေ ဂရုတစိုက်ကုသစောင့်ရှောက်ပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ လိုအပ်ချက်တွေ ပံ့ပိုးကူညီပေးသူတွေကို ကျေးဇူးတင်ကြောင်း နေပြည်တော် ပကဖ က ဆိုပါတယ်။
ဒါ့အပြင် အသက်အန္တရာယ်ကြားကနေ ဒဏ်ရာရရဲဘော်တွေကို ဆွဲထုတ်နိုင်ခဲ့တဲ့ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရဲဘော်ရဲဘက်စိတ်ဓါတ်တွေကို အလေးအမြတ်ပြုကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော် က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၇)ရက်မှာ အဓမ္မ စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်က တပ်စိပ်မှူးနဲ့ ဒုတပ်စိတ်မှူး အပါအဝင် တပ်သား(၇)ယောက်က လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာရာ အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း – တိုက်ခိုက်ရေးတပ်ဖွဲ့က ရဲဘော်ဆင်ကြီး ကျဆုံးခဲ့ပြီး ဘက်ပြောင်းခိုလှုံလာတဲ့ စစ်သား(၃) ယောက်လည်း ကျဆုံးခဲ့တာပါ။
ဒါ့အပြင် ဇေယျာသီရိမြို့နယ်-ပကဖ တာဝန်ခံ ရဲဘော်ယက္ခနဲ့ လယ်ဝေးမြို့နယ်-ပကဖ က ရဲဘော်သူရတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တာဖြစ်ပါတယ်။
ပုံစာ – ဒဏ်ရာရ ရဲဘော် သူရနှင့် ရဲဘော် ယက္ခ
0 Shares:
You May Also Like
Read More

ABSDF စစ်ကြောင်း ၃ ရဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းမှာ ပြုလုပ်တဲ့  အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်က စစ်ကြောင်း ၃ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ABSDF မှ ရဲဘော်များ လွတ်မြောက်နယ်မြေတစ်နေရာမှ စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကယန်းအမျိုးသားနေ့မှာ ကယန်းဒေသ သိကျိတ်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကယန်းပြည်သစ်ပါတီ ရှုတ်ချ

စစ်ကောင်စီက ကယန်းအမျိုးသားနေ့ ကျင်းပရာ သိကျိတ်ရွာကို ဗုံးကြဲခဲ့မှုအပေါ် ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။
Read More

ရေနံချောင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ယော​က်သေ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ပြီး အရပ်သားပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေ လုယက်သယ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရေး-ထားဝယ်လမ်းကို ညအချိန် အသုံးပြုခြင်း တားမြစ်ထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ် အဝေးပြေးလမ်းမကြီးကို ညအချိန် အသုံးပြုခြင်း တားမြစ်ထားတယ်လို့ ကော်သူးလေတပ်တော် KTLA ၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။