မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မြို့အနောက်တောင်ပိုင်းတကြောက ကျေးရွာတွေမှာအရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီလ ၂၁ရက်နေ့ကစပြီး မြိုင်မြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ၂၃ရက်နေ့မှာ မြိုင်မြို့ စက်မှု(၂)ကို ရောက်ရှိပြီးတဲ့နောက် ဒီနေ့ ဇန်နဝါရီ ၂၅ရက် မနက်ပိုင်းကစလို့ မြို့အနောက်​တောင်ပိုင်းကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ သိရပါတယ်။
အထက်ပါစစ်ကြောင်းကို မြိုင်မြို့ တောင်ဘက်မှာရှိတဲ့ သရက်ကန်ရွာ အကြမ်းဖက်စစ်အုပ်စုတွေကပေါင်းစည်းနိုင်ဖို့ကြိုးစားနေတဲ့အတွက် မြိုင်မြို့နယ်အနောက်တောင်ပိုင်းတကြောက ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာကို ကြိုတင်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ၁ယောက်က ပြောပါတယ်။
“၂၃ရက်နေ့ကစထွက်လာတာ မြိုင်နဲ့ ၄မိုင်အကွာ စက်မှု ၂ကို ရောက်တော့ တစ်ထောက်နားကြတယ်။ အဲ့ကနေ ဒီနေ့၂၅ရက်နေ့ မနက်မှာ ပုသိမ်-မုံရွာလမ်းပိုင်းတလျှောက် မြိုင်-ကံမ လမ်းပိုင်းကိုပြန်ခွဲမယ်။ အဲ့လမ်းပိုင်းက ပျူတွေနဲ့ဆုံကြမယ်။ သရက်ကန်ထဲကို ပြန်ဝင်မယ်။ သရက်ကန်ကနေမှ ကံမကိုဝင််မယ်။ အဲ့ကနေမှ ပခုက္ကူကိုဝင်မယ်လို့ ခန့်မှန်းမိပါတယ်။” လို့ ဒေသခံက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ လဆန်းပိုင်းတုန်းကလည်း ပခုက္ကူကနေ မြိုင်ကို စစ်အုပ်စုအချင်းချင်း လေကြောင်းကနေရော မြေပြင်ကနေပါ ရိက္ခာပို့ပေးတာတွေရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။
ဒီအတွက် ဇန်နဝါရီလ ၁၈ရက်နေ့ကလည်း ရိက္ခာတန်းကားတွေတိုက်ခိုက်ခံရတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်အုပ်စုက ကျောင်းကုန်းကျေးရွာနဲ့ သံပုရာခြံကျေးရွာတွေကို စစ်ကြောင်းထိုးမီးဝင်ရှို့ခဲ့လို့ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။
“ပခုက္ကူ၊ ရေလာလေးစခန်းနဲ့ မြိုင် သရက်ကွ ပျူရွာကို တော်လှန်ရေးတပ်တွေ အောင်ပွဲရပြီးတဲ့နောက် စစ်အုပ်စုက ပခုက္ကူတပ်မ ၁၀၁နဲ့အတူ ပြန်ပြီးဖိအားပေးလာတယ်လို့ ပြောရမယ်။ မြိုင်ကို အလုံးအရင်းနဲ့ ဝင်ပြီး စစ်ကြောင်းဝင်မီးရှိူ့နေတာ ဒီနေ့နဲ့ဆို ရက်၂၀လောက် ရှိပါပြီ။ အခုကတော့ မြိုင်အနောက်တောင်ပိုင်းဇုန်က ရွာတွေ ရှောင်နေရတာပေါ့။ စခန်းသိမ်းပွဲတွေကြောင့် စခတွေက ပြည်သူရယ် PDF ရယ်လို့မခွဲတော့ဘဲ တွေ့သမျှကို မီးရှို့သတ်ဖြတ်တာတွေရှိတယ်။ ကျနော်တို့ဘက်ကလည်း ကိုယ့်ဘက်က ဆုံးရှုံးစရာတွေရှိလို့ မလုပ်ဘူးဆိုရင် သူတို့ဘက်ကနေ နယ်မြေစိုးမိုးမှုရပြီး လှိုက်စားသွားနိုင််တယ်။ ဒါကြောင့် ကျနော်တို့က စွန့်စားပြီးလုပ်ရတယ်။ ဒီအခါ ပြည်သူတွေထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုတင်ရှောင်ရှားနိုင်အောင် သတင်းစကားပေးတယ်။ နေအိမ်တွေ ပြန်ပြီးတည်ဆောက်နိုင်အောင် တတ်နိုင်သလောက် ပြန်ပြီးကူညီပေးရတယ်။ အရပ်ဘက်ကရော စစ်ဘက်ကရော တတ်နိုင်သလောက်ပြန်ကူညီကြ၊ ရင်ဆိုင်ကြရပါတယ်။ ပြည်သူတွေကလည်း စစ်တပ်ရဲ့နယ်မြေစိုးမိုးမှုကို မလိုချင်ကြတော့ ကျနော်တို့နဲ့အတူ ရင်ဆိုင်ကြပါတယ်။” လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်စင်က မောင်းကိုပြောပါတယ်။
စစ်ရှောင်ရတဲ့ ရက်အရေအတွက် များပြားလာမှုနဲ့အတူ ဒေသခံတွေအဖို့ အခြေခံစားသောက်ကုန် လိုအပ်ချက်နဲ့​အပြင် ရာသီဥတုအ​အေးဒဏ်ကြောင့် ဆေးဝါးတွေလိုအပ်နေတယ်လို့လည်း သိရပါတယ်။
ပုံစာ – စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြိုင်အနောက်တောင်ပိုင်းဒေသခံများ
0 Shares:
You May Also Like
Read More

သီတင်းကျွတ်လပြည့်ညတွင် မင်းပြင်ရွာထဲမှ နေအိမ် ၁၀ လုံးခန့်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ အဆိုပါကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ကားကို ရေးဘီးလူးအဖွဲ့ တိုက်ခိုက်ရာ စစ်သား ၃ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ်(၈) လမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကာင်စီကားကို တိုက်ခိုက်ရာ စစ်သား ၃ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။
Read More

MSDF ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာ သီရိမွန်ချမ်းနှင့် နိုင်ကိုသူတို့အား ကောင်စီတာဝန်မှ ယာယီရပ်ဆိုင်းထား

အငြင်းပွားဖွယ်ရာ ပြဿနာတွေဖြစ်ခဲ့တဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာ သီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို ကောင်စီတာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော် Lightning တစ်လပြည့် ဆွမ်းကပ်တရားနာ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ရဲ့ ၁ လပြည့် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို တစ်နေ့တည်း ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်နှိပ်စက်နေတဲ့ လေတပ်စခန်း (ကေတုမတီ)နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တို့ကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်မဲမြို့ထဲ အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးများ ကြဲချရင်း ထိုးဖောက်ဝင်ရောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ထဲကို စစ်ကော်မရှင်တပ်တွေ ထိုးဖောက်ဝင်ရောက်နေပြီး တအာင်းတပ်မတော် TNLA ရှိမယ်လို့ထင်တဲ့ နေရာတွေကို ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။