မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
ကျိုက်ထိုမြို့နယ်မှာ ဇန်နဝါရီလ (၂၁) ရက် ညပိုင်းက မိနစ် ၂၀ ခန့်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် အမှတ် (၆၀၂) အမြောက်တပ်ရင်းစခန်းကနေ ငှက်ပျောတော ကျေးနယ်အတွင်း ပြည်သူလူထုနေရာ ကျေးရွာတွေကို လက်နက်ကြီး (၃)လုံး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ရာ ငှက်ပျောတော အောက်ရွာမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးပစ်ခတ်မှုအတွင်း အမျိုးသမီး တစ်ယောက် ပွဲချင်းပြီး သေဆုံးကာ ၁၅ နှစ်အရွယ် မိန်းကလေး ၂ ယောက်နဲ့ အသက် ၆၀ အရွယ်အမျိုးသမီးတို့ ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီးကျည်စထိမှန်လို့ အိမ်စီးကား တစ်စီး ပျက်စီးပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“စစ်ကောင်စီတပ်က လက်နက်ကြီး (၃)လုံး လူနေတဲ့ရွာထဲကို တမင် ရည်ရွယ်ချက်ရှိရှိနဲ့ကို ပစ်တာ ဦးသန်းအောင် အိမ်နောက်ဖေးကို တစ်လုံး၊ ဒေါ်ကြည်ကြည်အိမ်ဘေးမှာ တစ်လုံးနဲ့ ဦးတင်နိုင် အိမ်မိုးပေါ် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာ”လို့ KNU-ကျိုက်ထိုမြို့နယ် သတင်းတာဝန်ခံက ပြောပါတယ်။
ပုံစာ − စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့မှုများ…
0 Shares:
You May Also Like
Read More

ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းသုံး ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများတောင်းယူနေ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းအတွက် ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများ တောင်းယူနေတယ်လို့ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်မှုထမ်းအတွက် လူငယ်ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဆက်တိုက်ဖမ်းဆီးခံနေရပြီး အမျိုးသမီးတွေလည်း ပါဝင်လာသလို လူပြန်ရွေးယူဖို့ ငွေကြေး သိန်းဆယ်နဲ့ချီ ပေးနေရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်လေးပင်ခရိုင် အတွင်းကို စစ်အုပ်စု လက်နက်ကြီးပစ်ခတ်၍ ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ၊ ညောင်ပေးပင် ( ခလယ်လွီထူ)ခရိုင်ထဲကို အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ KNU ‌ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

မကွေးတိုင်းအတွင်း PDF များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စလင်းနှင့် ဆင်ဖြူကျွန်းကို ဝန်းရံပိတ်ဆို့ထားကြောင်း NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ မကွေးတိုင်းထဲက စလင်းနဲ့ ဆင်ဖြူကျွန်းအပါအဝင် မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
Read More

CDF-Matupi တပ်မဟာ -၁ လက်အောက်ရှိ လင်းယုန်တပ်ရင်းက ၆ လပတ်အစည်းအဝေးပြုလုပ်…

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (CDF-Matupi) တပ်မဟာ -၁ အောက်ရှိ တပ်ရင်း တစ်ရင်း ဖြစ်တဲ့ လင်းယုန် တပ်ရင်းက ၆ လပတ်အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။