ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ အဓမ္မစစ်မှုထမ်းခဲ့ရတဲ့ စစ်သား ၇ ယောက် အလင်းဝင်လာတာကို သွားရောက်ခေါ်ဆောင်ချိန် ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၂ ယောက် ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ပင်လောင်း စစ်ဆင်ရေးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နေပြည်တော်-ဇေယျာသီရိမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ယက္ခနဲ့ နေပြည်တော်- လယ်ဝေးမြို့နယ် (ပကဖ)ရဲဘော် သူရတို့ ဒဏ်ရာတွေ သက်သာနေပြီလို့ ဆိုပါတယ်။
သွေးထွက်မလွန်အောင် ဦးစွာကုသပေးခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF B0-11 က ဆေးမှူး၊ ဒဏ်ရာတွေ ဂရုတစိုက်ကုသစောင့်ရှောက်ပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ လိုအပ်ချက်တွေ ပံ့ပိုးကူညီပေးသူတွေကို ကျေးဇူးတင်ကြောင်း နေပြည်တော် ပကဖ က ဆိုပါတယ်။
ဒါ့အပြင် အသက်အန္တရာယ်ကြားကနေ ဒဏ်ရာရရဲဘော်တွေကို ဆွဲထုတ်နိုင်ခဲ့တဲ့ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရဲဘော်ရဲဘက်စိတ်ဓါတ်တွေကို အလေးအမြတ်ပြုကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော် က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၇)ရက်မှာ အဓမ္မ စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်က တပ်စိပ်မှူးနဲ့ ဒုတပ်စိတ်မှူး အပါအဝင် တပ်သား(၇)ယောက်က လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာရာ အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း – တိုက်ခိုက်ရေးတပ်ဖွဲ့က ရဲဘော်ဆင်ကြီး ကျဆုံးခဲ့ပြီး ဘက်ပြောင်းခိုလှုံလာတဲ့ စစ်သား(၃) ယောက်လည်း ကျဆုံးခဲ့တာပါ။
ဒါ့အပြင် ဇေယျာသီရိမြို့နယ်-ပကဖ တာဝန်ခံ ရဲဘော်ယက္ခနဲ့ လယ်ဝေးမြို့နယ်-ပကဖ က ရဲဘော်သူရတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တာဖြစ်ပါတယ်။
ပုံစာ – ဒဏ်ရာရ ရဲဘော် သူရနှင့် ရဲဘော် ယက္ခ
0 Shares:
You May Also Like
Read More

အင်းတော်မြို့နယ်တွင် ပန်ဒါနီ ၉ ကောင် တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များကို NUG ဖမ်းဆီးထိန်းသိမ်း

အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမှာ အရပ်သားတွေ အိပ်မောကျချိန် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချလို့ ၁ ယောက်သေဆုံးကာ ၁၅ ယောက်ခန့် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လှုပ်ရှားရာဒေသဖြစ်တဲ့ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်းရှိ လွယ်ဟောင်ရွာနဲ့ ဖက်ရင်းကုန်းရွာကြားမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DPLA က မနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်အထိ တိုးချဲ့နိုင်ဖို့ စစ်ကောင်စီ ပြင်ဆင်နေဟု ဆို

မြန်မာနိုင်ငံမှာ LNG ဆိပ်ကမ်း တည်ဆောက်ကာ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူပြီး စစ်ကောင်စီက တရုတ်နိုင်ငံကို တင်ပို့ဖို့ စီစဉ်နေတယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ရေဘေးအလှူဆိုပြီး PDF အယောင်ဆောင်ကာ ငွေကြေးကောက်ခံမှုတွေရှိနေ

ပဲခူးတိုင်းထဲမှာ ရေဘေးကို အကြောင်းပြပြီး ပဲခူးတိုင်းလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ PDF အယောင်ဆောင်ကာ ရွှေဆိုင်နဲ့ ရတနာဆိုင်တွေကို မသမာသူတွေက ချိန်းခြောက်စာတွေပို့ကာ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေဆီ မရောက်အောင် ထောင်နဲ့ချီတဲ့ စက်သုံးဆီ ပီပါတွေကို စစ်ကောင်စီ ဖမ်းဆီး

တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်ဝယ်မရောက်ရှိအောင် စက်သုံးဆီ ပီပါထောင်နဲ့ချီကို စစ်ကောင်စီက တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက် စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။