မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
တော်လှန်လူငယ်တွေက မန္တလေးမြို့ ကျုံးဘေးတလျှောက်မှာ “လာပါ ငါတို့အတူရုန်းမယ်”၊ “ငုံ့မခံနဲ့တုံ့ပြန်ကြ” ၊ “မန္တလေးမြို့တော်လွတ်မြောက်ဖို့ မန္တလေးသားတွေ အားလုံးတာဝန်ရှိတယ်” စတဲ့ စာသားတွေကို ကပ်ပြီး ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး “မန္တလေးမြို့တော်ကြီးနဲ့တကွ တနိုင်ငံလုံး လွတ်မြောက်ဖို့ ကျွန်တော်တို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြပါတယ်။ ပြည်သူအားလုံး ကျရာကဏ္ဍ၊ နိုင်ရာ တာဝန် တိုက်ပွဲမျက်နှာစာအသီးသီးကနေ တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြပါ” လို့ ဒေါက်တာတေဇာဆန်းက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဖော်ပြရေးသားထားပါတယ်။
0 Shares:
You May Also Like
Read More

ပေါက်တောက မွတ်ဆလင်ဒုက္ခသည်တွေကို AA က စားနပ်ရိက္ခာ ထောက်ပံ့ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲ IDP စခန်းက မွတ်ဆလင်ဒုက္ခသည်တွေကို ရက္ခိုင့်တပ်တော် AA က စားရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဇန်နဝါရီလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်မှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး - KNU က ဒီနေ့မနက်ပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ဘုရားသုံးဆူမှာ DKBA တပ်ဖွဲ့ နဲ့ NMSP တပ်ဖွဲ့တို့ ညှိနှိုင်းမှုနဲ့ ဂိတ်တွေ ပြန်ဖြုတ်

ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကြားမှာ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် နှစ်ဖက်စလုံးရဲ့ ဂိတ်စခန်းတွေကို ပြန်လည်ဖြုတ်သွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အုတ်ဖိုမှာ တော်လှန်ရဲဘော် ၁ ဦးရဲ့ အဖေကို စစ်ကောင်စီ သတ်ဖြတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်နေ

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေး အင်အားစုတွေ ပိုမို ကျစ်လစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဇူလိုင်လ ၂၄ ရက်က စတင်ကာ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

"သူတို့က စစ်ကြောင်းကို နောက်ချန်နဲ့ထိုးတာဆိုတော့ စစ်ကြောင်းကျော်သွားရင်လည်း နောက်ချန်တွေနဲ့ ဗျူဟာပြောင်းလာတယ်ဗျ။ စုပေါင်းအင်အားအတော်များပါတယ်။ ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှောင်နေရတဲ့လူတွေလည်း မနည်းဘူး" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။