ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားတွေကို ပုသိမ်မြို့ အမှတ် ၄ ဆေးတပ်မှာ ဆေးကုပေးနေပြီး သေဆုံးစစ်သားတွေကို ရွှေမြင့်တင် သဂြိုလ်စက်မှာ လူမသိသူမသိ သဂြိုလ်ပေးနေတယ် လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဆေးကုရင်း သေဆုံးသွားတဲ့ စစ်သားတွေကို မီးသဂြိုလ်စက်မှာ လုံခြုံရေးတွေချကာ ခိုးချောင်ခိုးဝှက် သဂြိုလ်နေတယ်လို့ ဒေသခံတချို့ကလည်း ပြောပါတယ်။
“ဘောမိတိုက်ပွဲမှာ နတခ က လွှတ်တဲ့ တပ်တွေက စစ်သားတွေ အသေအပြောက်များတယ်။ ဒဏ်ရာရထားတဲ့သူတွေကို ပုသိမ်မြို့ အမှတ်၄ စစ်မြေပြင်ဆေးတပ်မှာ ဆေးကုပေးနေကြတာ။ ဒီရက်ထဲ ဆေးကုသပေးနေရင်း သေဆုံးတဲ့ သူတွေများနေလို့ လူမသိအောင် ရွှေမြင့်တင် မီးသဂြိုလ်စက်မှာ သဂြိုလ်ပေးနေရတာ” လို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ် (ပုံဟောင်း)
“ဇန်နဝါရီ ၂၂ရက်နေ့ကတော့ အရာရှိအဆင့် ၂ဦးသေတာကို နတခ ထဲက တပ်မိသားစုတွေ လိုက်ပို့ပေးခွင့်ရခဲ့ကြတယ်။ ပထမရက်က သေတဲ့ အခြားအဆင့်တွေကတော့ လူမသိသူမသိ သဂြိုလ်တာတွေလုပ်တယ်။ နောက်ထပ် သေမယ့် စစ်သားတွေလည်းရှိသေးတယ်။ လက်နက်ကြီးစ မှန်ထားတဲ့ စစ်သားအများအပြားလည်း ရှိသေးတယ်” လို့ အထက်ပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ဘောမိကျေးရွာက အကြမ်းဖက်စစ်တပ်နဲ့ ရခိုင့်တပ်တော် AA တို့ ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ထိခိုက်သေဆုံးမှုတွေ များခဲ့တာကြောင့် စစ်တပ်က လေကြောင်းကနေ ဘောမိကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ကျေးရွာတစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်နှင့် KIA/KPDF တို့ တိုက်ပွဲဖြစ်၊ အပြန်အလှန် ပစ်ခတ်မှုများအတွင်း ဒေသခံ ၄ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သီတင်းကျွတ်လပြည့်နေ့က KIA/PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။
Read More

မြဝတီမြို့မှာ BGF ကားနဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ကလေးငယ်အပါဝင် ၂ ယောက် သေဆုံးကာ BGF ကား မောင်းပြေးသွား..

ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းပေါ်က ရတနာ ထမင်းဆိုင်အရှေ့မှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေ မောင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူအမျိုးသမီး နဲ့ ဆိုင်ကယ်ပေါ် ပါလာတဲ့ အသက် ၁၃ နှစ်ရှိတဲ့ ကလေးငယ်တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ BGF ကားက ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူက ပျူစောထီး ၂ ဦး မိသားစုကို ခေါ်ဆောင်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာရွာက ပျူစောထီး ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုကိုခေါ်ပြီး အလင်းဝင်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုတပ်စွဲနေတဲ့ မဒေါက်ရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်တိုက်ခိုက်သိမ်းပိုက်…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ တပ်စွဲနေထိုင်တဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ယူပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကရင်နီတွင် အပိုင်းအစများ ဖြစ်သွားသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်

အကြမ်းဖက်စစ်ကောင်စီက ပျောက်ဆုံးကြောင်း ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီလေယာဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ပေါက်မှ ပခုက္ကူသို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း ရွာ ၃ ရွာအား မီးရှို့ဖျက်ဆီး၊ ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲသည့်အတွက် အရပ်သား ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးရင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။