မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်တလျှောက်မှာ တရားမဝင် တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ အလျင်အမြန် တိုးပွားလာမှုကို တိုက်ဖျက်ဖို့ ထိုင်းနဲ့ တရုတ်အစိုးရတို့ပေါင်းပြီး ညှိနှိုင်းရေးရုံးတွေ ဖွင့်လှစ်သွားမယ်လို့ Reuters က သတင်းဖော်ပြပါတယ်။
ဘန်ကောက်မြို့က အမျိုးသားရဲဌာနချုပ်မှာ ညှိနှိုင်းရေးရုံးတစ်ခု ဖွင့်လှစ်မှာဖြစ်ပြီး လိမ်လည်လုပ်ငန်းတွေအတွက် အချက်အချာဖြစ်တဲ့ မြဝတီ တစ်ဖက်ကမ်း မဲဆောက်မှာလည်း နောက်ထပ်တစ်ရုံး ဖွင့်လှစ်ဖို့ တရုတ်အာဏာပိုင်တွေက စီစဉ်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၄ ရက်မှာပြောပါတယ်။
“တရုတ််နဲ့ ထိုင်းနိုင်ငံသားတွေ အများအပြား ပါဝင်ပတ်သက်နေတဲ့ မြန်မာပြည်၊ မြဝတီနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက်မှာ အခြေစိုက်တဲ့ ကောလ်စင်တာဂိုဏ်းတွေကို (ဘန်ကောက်က) ဒီစင်တာမှာ (တရုတ်နဲ့) ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှာပါ” လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
“ညှိနှိုင်းရေးစင်တာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ဘန်ကောက်မှာပြုလုပ်တဲ့ ထိုင်းနဲ့ တရုတ်လုံခြုံရေးအရာရှိများ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလအစောပိုင်းမှာ တရုတ်မင်းသား ဝမ်ရှင်း ပြန်ပေးဆွဲခံရပြီး မြဝတီကနေ နယ်စပ်ဖြတ်ကျော် ကယ်ဆယ်မှုအပြီးမှာ ရာဇဝတ်ဂိုဏ်းတွေနဲ့ပတ်သက်လို့ တရုတ်ရဲ့ပူပန်မှုက မြင့်တက်လာပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံက တယ်လီကွန်း လိမ်လည်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အတွက် တရုတ်၊ မြန်မာ၊ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေ သဘောတူညီမှု ရရှိခဲ့ကြောင်း တရုတ်အစိုးရပိုင် မီဒီယာက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။
လူကုန်ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နင်းရေး ဆွေးနွေးဖို့အတွက် အခုသီတင်းပတ်အတွင်း နေပြည်တော်မှာ ထိုင်းစစ်ဘက်ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းတို့ တွေ့ဆုံဖို့ရှိကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
တရုတ်ရဲ့ ဖိအားတွေအပြီးမှာတော့ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသား ၅၃,၀၀၀ ကျော် အပါအဝင် ပြည်ပနိုင်ငံသား ၅၅,၀၀၀ ကျော်ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အခုသီတင်းပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
News – TheStraitstimes
Photo – Reuters
0 Shares:
You May Also Like
Read More

စက်ဘီးဖြင့် စစ်ရှောင်ထွက်ပြေးသည့် သားအမိကို စစ်တပ် ဗုံးလိုက်ကြဲ၊ သားအမိ ၂ ဦးလုံး သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ရှောင်ထွက်ပြေးတဲ့ သားအမိ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ လိုက်လံဗုံးကြဲလို့ ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) ထံက သိရပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း (၉၀၁)ထံ စစ်မှုထမ်းဆင်း စစ်သား ၂ ဦး သေနတ် ၁ လက်၊ ခဲယမ်းများနှင့် အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် (၉၀၁) ထံ စစ်မှုထမ်းအပတ်စဥ် ၂ သင်တန်းဆင်း စစ်သား ၂ ယောက် သေနတ် ၁ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က  ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စစ်ကောင်စီတပ် ကျုးလွန်ခဲ့တဲ့ ဘုတလင်၊ စီပါရွာက လူသတ်မှုဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့တွေ အကြမ်းဖက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅ မြို့နယ်အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ…

မကွေးတိုင်းအခြေစိုက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း - ပကဖ) ရဲ့ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။