ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က အုတ်ဖိုမြို့ပေါ်မှာ နေထိုင်တဲ့ လူငယ် (၂) ယောက်ကို စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးသွားပြီးတဲ့နောက် မိသားစုဝင်တွေက ပိုက်ဆံနဲ့ လိုက်လံထုတ်ယူရာ အဲဒီလူငယ်တွေက မပြန်ချင်ကြောင်း၊ စစ်မှုထမ်းရတာပျော်ကြောင်း ပြောပြီး မိသားစုနဲ့ ပြန်မလိုက်ခဲ့ဘူးလို့ သိရပါတယ်။
“ပြန်မလိုက်တာက မိသားစုကို ငဲ့တာလည်း ပါမှာပေါ့၊ ဒါပေမယ့် သေချာစုံစမ်းကြည့်တော့မှ ပေါ်တာဆွဲတဲ့ သူတွေကို စကစက လူငယ်သင်တန်းကျောင်း တန်းမပို့တော့ဘူး၊ ထွေအုပ်ရုံးမှာပဲ ထားတော့တယ်၊ အဲ့မှာ အရက်၊ မူးယစ်ဆေး၊ လောင်းကစား၊ ပြည့်တန်ဆာတွေနဲ့ပါ ပျော်ပါးခွင့်ပေးထားတယ်၊ အရင်ကဆို ဖမ်းခံရတာနဲ့ ဖုန်းလည်း ပေးမသုံးဘူးပေါ့နော်၊ အခုကျ အဲ့လို မဟုတ်တော့ဘူး၊ ဖုန်းလည်းပေးသုံးထားတယ်” လို့ အုတ်ဖိုမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
ဒါ့အပြင် အခုလို ကိစ္စတွေကို စစ်ကောင်စီက ခွင့်ပြုနေတာဟာ အုတ်ဖို တစ်မြို့နယ်တည်းမဟုတ်ဘဲ မင်းလှ၊ နတ်တလင်းဘက်မှာလည်း အလားတူ ကိစ္စတွေကို စစ်ကောင်စီက ခွင့်ပြုကာ လူငယ်တွေကို ဆွဲဆောင်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက သူတို့ရဲ့ စစ်တပ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်းလူစုနေတာဟာ အပတ်စဉ် (၁၉) အထိရောက်ရှိလာပြီ ဖြစ်ပါတယ်။
ပုံစာ – အကြမ်းဖက်စစ်ကောင်စီရဲ့ မူးရူးနေသော တပ်သားသစ်များ။
0 Shares:
You May Also Like
Read More

စလင်းတွင် လှည့်ကင်းထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်၊ စစ်တပ်က ထိခိုက်သေဆုံးမှုများရှိ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရှေ့တန်းမှ ပြန်လာသည့် 96 Soldiers – အညာ​တပ်ခွဲမှ ရဲဘော်များကို ပြည်သူတွေ ကြိုဆို… (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ 96 Soldiers - အညာ​တပ်ခွဲက ရဲဘော်တွေကို တပ်ဖွဲ့စိုးမိုးနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့ပေါ်မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ယောက်ကို နွေးထွေးစွာ ကြိုဆိုရင်း ဆုကြေးငွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ Myingyan Twenty one Guerilla Force - MTGF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ ရဲဘော် နွေဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတရား စုဆောင်းခြင်းခံထားရသူအများစုပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင်ဖွင့်လှစ်

အတင်းအကျပ်စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံထားရသူအများဆုံး ပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင် သင်တန်းပေးနေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။