မြန်မာပြည်မှာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ပြန့်ပွားနေမှုအတွက် ထိုင်းကိုလည်း တစိတ်တပိုင်းအပြစ်တင်ထားတဲ့ မြန်မာစစ်ကောင်စီရဲ့ ပြောဆိုချက်ကို လက်မခံကြောင်း၊ ဒီကိစ္စက အဖွဲ့ပေါင်းစုံပါဝင်ပတ်သက်နေပြီး ရှုပ်ထွေးကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြပါတယ်။

လက်ရှိထိုင်းအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်တဲ့ Mr Phumtham က အဲဒီ ရာဇဝတ်ဂိုဏ်းတွေဟာ နိုင်ငံတွေများစွာရဲ့ နယ်နိမိတ်တွေမှာ လည်ပတ်နေတာကြောင့် ထိုင်းတစ်ခုတည်းရဲ့ အမှားမဟုတ်ကြောင်း ဆိုပါတယ်။

ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကိစ္စမှာ မြန်မာ့ “အိမ်နီးချင်း” က အခက်အခဲဖြစ်စေတယ်လို့ စစ်ကောင်စီရဲ့ ပြည်တွင်း မီဒီယာတွေဆီ ပြောကြားချက်ကို သူက အခုလိုတုံ့ပြန်ခဲ့တာပါ။

လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့အရေး ထိုင်းအစိုးရနဲ့ စစ်ကောင်စီတို့အကြား သဘောတူညီမှုရှိထားပေမယ့် လတ်တလောမှာတော့ ထိုင်းစစ်တပ်အရာရှိတွေနဲ့ မြန်မာစစ်ကောင်စီအရာရှိတွေအကြား ဆွေးနွေးမှုမရှိသေးကြောင်း သူက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Thanathip Sawangsang ကလည်း ထိုင်းအနေနဲ့ နယ်စပ်တလျှောက် တရားမဝင်လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြောင်း၊ အကယ်၍ ရာဇဝတ်ဂိုဏ်းတစ်ခုဟာ သူတို့လုပ်ငန်းလည်ပတ်ဖို့ ထိုင်းကို အခြေပြုနေတာ သက်သေပြနိုင်ရင် နယ်စပ်တလျှောက်က ဂိုဏ်းတွေကို စစ်ကောင်စီက နှိမ်နင်းရာမှာ အစိုးရအနေနဲ့ ကူညီဖို့အသင့်ရှိကြောင်း ပြောဆိုထားပါတယ်။

တဖက်မှာလည်း ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ လိမ်လည်လုပ်ငန်းတွေကို လျှပ်စစ်မီးဖြတ်တောက်ဖို့ ယခင် ဆရက်သာအစိုးရလက်ထက်ကတည်းက အမိန့်ချထားပေမယ့် အခုထိ မလုပ်ဆောင်ရသေးတဲ့အပေါ် ပြည်ထဲရေးဌာနအနေနဲ့ ရှင်းလင်းစေလိုကြောင်း ထိုင်းလွှတ်တော် နယ်စပ်ရေးရာကော်မတီက မေးခွန်းထုတ်ထားပါတယ်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai (ဓာတ်ပုံ Bangkok Post)

“မြန်မာပြည်က အဖွဲ့တွေကို လျှပ်စစ်ဓာတ်အားရောင်းချရာမှာ ထိုင်းရဲ့ အမျိုးသားလုံခြုံရေးကို မထိခိုက်ဖို့ အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။”“တကယ်တမ်း မြန်မာပြည် (က လိမ်လည်လုပ်ငန်းတွေကို) လျှပ်စစ်ဓာတ်အားဖြတ်တောက်ဖို့ ဝန်ကြီးဌာနကို အကြိမ်ကြိမ် ညွှန်ကြားပြီးဖြစ်တယ်”

“ပြည်နယ်လျှပ်စစ်အာဏာပိုင်ရုံး (PEA) အနေနဲ့ အရေးယူဖို့ ဘာကြောင့် အရမ်းခက်နေသလဲ နားမလည်ဘူး။ (လိမ်လည်လုပ်ငန်းတွေကို) စွမ်းအင်ထောက်ပံ့ပေးနေတဲ့ ထိုင်းနိုင်ငံဟာ ရာဇဝတ်မှုတွေကို ထောက်ပံ့ပေးနေတယ်လို့ မြန်မာမီဒီယာက ပြောထားတာ ဘယ်လောက်ရှက်စရာကောင်းသလဲ။”

“ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ဒီကိစ္စကို အလေးအနက်ထား အာရုံစိုက်ဖို့ကောင်းတယ်၊ မဟုတ်ရင် သူဟာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုကွန်ရက်တွေမှာ ပါဝင်ပတ်သက်နေတာတွေရှိမယ်လို့ လူထုက ထင်ကြလိမ့်မယ်”လို့ ကော်မတီဥက္ကဋ္ဌ၊ People ပါတီအမတ် Rangsiman Rome က ပြောပါတယ်။

Mr Rangsiman ရဲ့အဆိုအရ PEA ကနေ လျှပ်စစ်ဓာတ်အား ဝယ်ယူတဲ့အဖွဲ့တွေထဲမှာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ နာမည်ကြီးတဲ့ ရွှေကုက္ကိုလ်ကို ထိန်းချုပ်ထားပြီး ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ BGF အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ပါဝင်နေပါတယ်။

ထိုင်းအစိုးရရဲ့‌ အမျိုးသားလုံခြုံရေးကောင်စီ ကိုယ်စားလှယ်တစ်ယောက်ကလည်း သူတို့အနေနဲ့ PEA နဲ့ ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အားဝယ်ယူတဲ့အဖွဲ့တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေအကြားက ဆက်စပ်မှုကို ရှာဖွေပေမယ့် သက်သေပြစရာမရှိသေးဘူးလို့ ဆိုပါတယ်။

PEA အနေနဲ့လည်း စွမ်းအင်ဝယ်ယူသူတွေရဲ့ အချက်အလက်တွေကို မူးယစ်ဆေးထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနဲ့ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့တို့ထံ တင်ပြထားပြီးဖြစ်ကြောင်း PEA ကိုယ်စားလှယ်တစ်ယောက်က ပြောပါတယ်။

မူရင်းသတင်း – Govt ‘not to blame’ for Myanmar scam hubs

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ဘန်ကောက်မှာ အသက် ၇၀ အရွယ်အမျိုးသားကို မြန်မာတဦးက ပစ်သတ်မှုဖြစ်ပွား၊ သေနတ်လုရင်း ပစ်ခတ်မိခြင်းဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတဦးဟာ ၎င်းရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ရဲ့ လုပ်ငန်းခွင်ဆီ ဝင်ရောက်တာကို ပိတ်ပင်ခံရတာကြောင့် အသက် ၇၀ အရွယ် ထိုင်းအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ‌ဖော်ပြပါတယ်။ 
Read More

အမေရိကန်တွင် ရက်ကျော်နေထိုင်သူတွေ များပြားနေမှုကြောင့် မြန်မာနိုင်ငံအပါ နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်

အမေရိကန်ကိုရောက်ပြီးနောက် ရက်ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ များပြားနေတာကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်လိုက်တယ်လို့ အိမ်ဖြူတော်က သမ္မတထရမ့် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်ကို မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာပွဲစားအချင်းချင်း မတည့်လို့ တိုင်တန်းမှုကြောင့် ပန်း‌ရောင်ကတ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာ ၁၃၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွတ်ခရိုင်၊ မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုမှာ ပန်းရောင်ကတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာ ၁၃၁ ယောက်ကို တိုင်တန်းမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက မနေ့က အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
Read More

ရုပ်ရှင်ရိုက်ရမယ်လို့ လိမ်လည်လှည့်ဖြားခံရပြီး လူကုန်ကူးခံခဲ့ရတဲ့ တရုတ်မော်ဒယ် နေရပ်ပြန်ရောက်ပြီလို့ ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ကြေညာ

တရုတ်နိုင်ငံသား မော်ဒယ်ဖြစ်သူ Yang Zheqi ဟာ ရုပ်ရှင်ရိုက်ရမယ်လို့ လိမ်လည်လှည့်ဖြားခံရပြီး ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့ကို လူကုန်ကူးခံရပေမယ့် အခုချိန်မှာတော့ နေအိမ်ကို ပြန်လည်ရောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မြန်မာအရေးဆွေးနွေးဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ဩစတေးလျသွားမယ်

မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။