ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၊ ကျွဲဘောင်ဘင်အုပ်စု၊ ကျွဲဘောင်ဘင်ရွာနေ ပြည်သူ့စစ်သင်တန်းဆင်း ဝင်းကျော်နဲ့ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဂန့်ဂေါပင်ကျေးရွာနေ ပျူစောထီး ရှမ်းလေး(ခ) မိုးကြီးတို့ကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၃ရက် ညနေပိုင်းမှာ ပေါက်ခေါင်းမြို့၊ ကျွဲဘောင်ဘင်ရွာနေ အပတ်စဥ်(၁) ပြည်သူ့စစ်သင်တန်းဆင်း ဝင်းကျော်ကို PDF ၃၆၀၁ တပ်ရင်း၊တပ်ခွဲ(၄) က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ဝင်းကျော်ဟာ PDF တပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းမိရင် ငါးခူကိုဓားနဲ့မွှန်းသလို မွှန်းပြီးသတ်ဖြတ်သွားမယ်လို့ ခြိမ်းခြောက်ကြွေးကြော်ခဲ့သလို ပေါက်ခေါင်းမြို့နယ်၊ အုတ်ပုံရွာ ခလရ ၅၃ တပ်အတွင်း ပျူစောထီးသင်တန်း ၃လ တက်ရောက်ထားသူ ဖြစ်တယ်လို့လည်း PDF ၃၆၀၁ တပ်ရင်း Paungde PDF က ထုတ်ပြန်ပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ရွာနေ ပျူစောထီး ရှမ်းလေး (ခ) မိုးကြီး

“ကျနော်တို့က သူ့ကို ပစ်မှတ်ရယ်ကြီးလို ထားခဲ့တာတော့ မဟုတ်ဘူး။ သူက တောင်ပေါ်ဘက်ကိုတက်လာပြီးတော့ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းကို လာထောက်တယ်။ အဲ့လိုကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။” လို့ PDF ၃၆၀၁ တပ်ရင်း Paungde PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၂ရက် မနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းပေးနေတဲ့ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာနေ ပျူစောထီး ရှမ်းလေး(ခ) မိုးကြီးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်အထိ သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။

ဒီပစ်ခတ်ရှင်းလင်းမှုကိုတော့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ ၃၊ ၆ အပါအဝင် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်နဲ့ ပြည်ခရိုင်တွေထဲက မြို့နယ် ကျေးရွာတွေမှာ စစ်အုပ်စုလက်ပါးစေ ရပ်ကွက်အာဏာပိုင်ဆိုသူတွေနဲ့ ပြည်သူ့စစ် သတင်းပေးတွေ မကြာခဏဆိုသလို ပစ်ခတ်ရှင်းလင်းခံရမှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေ အဆိုပါစစ်ကြောင်းကို ချေမှုန်းနေတဲ့ တော်လှန်ရဲဘော်တွေအတွက် နောက်တန်းမှာ ချက်ပြုတ်ပေးနေ (ဓာတ်ပုံသတင်း)

စစ်ကောင်စီက ကရင်ပြည်နယ်ပြန်လည်စိုးမိုးရေးအတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။
Read More

Spring Warriors Column က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၆ ယောက် ကျဆုံးခြင်း တစ်နှစ်ပြည့်ပြီ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ - Spring Warriors Column (P27001) က တပ်ရင်းမှူးအပါအဝင် ကျဆုံးရဲဘော် ၆ ယောက်ရဲ့ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ကို တွန်းလှန်မယ့် ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ သင်တန်းဆင်း (ဓာတ်ပုံသတင်း)

ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ အခြေခံစစ်ပညာနဲ့မွမ်းမံ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း ၂ ကြောင်းခွဲဝင်မှုကြောင့် ရွာ ၁၀ ရွာမှ အရပ်သား ၅ ထောင်ကျော် တိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲထိုး ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၁၀ရွာက အရပ်သား ၅ ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရပ်သားနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ Black Eagle PDF (Bagan) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

စစ်အုပ်စု၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးရဲဘော်များကို KNLA ဌာနချုပ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်

အကြမ်းဖက် စစ်အုပ်စုရဲ့ သာလွန် လက်နက်နဲ့ သာလွန် လူအင်အားများစွာ ပါဝင်တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ငသိုင်းချောင်းက အမြောက်တပ်ရင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ

ဧရာဝတီတိုင်း၊ ငသိုင်းချောင်း အမြောက်တပ်ရင်းကို AA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။