မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို လူသားတံတိုင်းပြုလုပ်လာနိုင်တာကြောင့် ခရီးသွားလာခြင်းတွေကို ရှောင်ရှားဖို့ တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ က အသိပေး ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ( NUG) လက်အောက်ခံ တနင်္သာရီစစ်ဒေသက အဲ့ဒီလမ်းပိုင်းမှာ စစ်ကောင်စီဟာ စစ်ရေးအရ အကျိုးအမြတ်ရအောင် ခရီးသွားပြည်သူတွေကို ခုတုံးလုပ် အမြတ်ထုတ်နိုင်တာကြောင့် ခရီးမသွားဖို့ အသိပေးလိုက်တာ ဖြစ်ပါတယ်။

မဖြစ်မနေ သွားလာရမယ်ဆိုရင်လည်း စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ယာဉ်တန်းတွေနဲ့ အတတ်နိုင်ဆုံးရှောင်ရှားဖို့ သတိပေးတိုက်တွန်းလိုက်ပါတယ်။

တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ ၏ ထုတ်ပြန်ချက်

လက်ရှိမှာ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်ဂိတ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်လာတာ ရက်သတ္တပတ်နီးနီးရှိလာပြီ ဖြစ်ပါတယ်။

စစ်ကောင်စီက ကျေးရွာတချို့ကို စစ်ကြောင်းထိုးနေသလို အရပ်သားတွေနေထိုင်ရာရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေလည်း မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းမှာ KNLA တပ်ဖွဲ့တွေနဲ့ NUG လက်အောက်ခံ တော်လှန်ရေးတပ်တချို့ကလည်း ထိန်းချုပ်တွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မတ္တရာမှာ စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက်သေ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယော​​က်သေဆုံးခဲ့တယ်လို့ Never Give Up Fox Force :NGUFF အဖွဲ့ဆီက သိရပါတယ်။
Read More

ထီးလင်းရဲစခန်းမှ နိုင်ကျဥ်း ၁၃ ဦး လွတ်မြောက်မှုအတွက် ရဲတပ်ကြပ် ၂ ဦးကို အချုပ်ခန်းထဲမှာ စစ်ဆေးရင်း သေဆုံးသွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ ပတ်သက်ပြီး အဆိုပါရဲစခန်းက ရဲတပ်ကြပ် ၂ ယောက်ကို ဇွန်လ ၁၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
Read More

တောင်သာတွင် စစ်တပ်စစ်ကြောင်းများ ခွဲထိုးနေပြီး တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်အုပ်စုအထိနာနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကြောင်းတွေခွဲထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်အုပ်စုဘက်က အထိနာကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ရက်နေ့ မနက်ပိုင်းမှာ တောင်သာမြို့ပေါ်ကနေ ထွက်ခွာလာတဲ့ အင်အား ၁၅၀ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ မြို့အနောက်ဘက် လက်သဲကျင်-ဖျောက်ဆိပ်ပင်ကျေးရွာဘက် ဦးတည်ဝင်ရောက်ရင်း မင်းတည်းကျေးရွာဘက် ဆက်လက်ထွက်ခွာလာရာမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြကန်သာ ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်၊ ပျူတစ်ယောက် သေကာ ကျန်တဲ့ပျူတွေကို စစ်ကောင်စီနဲ့ မပတ်သက်ဖို့ သတိပေး

ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၈)တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။