ဒီနေ့ ဇန်နဝါရီလ ၂၄ ရက် မနက်အစောပိုင်းမှာ ဗန်းမော်မြို့က စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတဲ့ KIA ဟာ လေယာဉ်ကွင်းအနီးက သံချပ်ကာတပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။  

ဒီနေ့မနက်အစောပိုင်းက စတင်ပြီး ခလရ ၄၇ ၊ စကခ (၂၁)၊ သံချပ်ကာတပ်ရင်းနဲ့ စစ်ကောင်စီတပ် နေရာယူထားတဲ့ ဗန်းမော်တက္ကသိုလ် နေရာတွေကို KIA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ သံချပ်ကာတပ်ရင်းနဲ့အတူ သံချပ်ကာ ကား ၄ စီးကိုပါ သိမ်းပိုက်ရရှိထားတယ်လို့ စစ်ရေးအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက် နက်ကြီးပစ်ခတ်မှုတွေကို အကြီးအကျယ် လုပ်ဆောင်နေပြီး ဒရုန်းတွေနဲ့ပါ တိုက်ခိုက်နေတဲ့ ကြား‌က KIA ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ကနဦးရရှိတဲ့ သတင်းတွေအရ ဗန်းမော်မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ဖို့ ဆက်လက် ထိုးစစ်ဆင်နေတဲ့ KIA ဟာ အဓိက စခန်းကြီး ၂ ခုဖြစ်တဲ့ စကခ ၂၁ နဲ့ ဗန်းမော် ခလရ ၄၇ တို့ကိုသာ သိမ်းယူဖို့ ကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မိုးမောက် ခမရ (၄၃၇) စခန်းသိမ်း တိုက်ပွဲတွင် KIA က သိမ်းဆည်းရရှိခဲ့သည့် သံချပ်ကာကား (ဓာတ်ပုံ CJ)

KIA ဟာ ဗန်းမော်နဲ့ မံစီမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်မှာ စတင်ခဲ့ပြီး လက်ရှိမှာ မံစီမြို့ကို ထိန်းချုပ်ထားပြီးဖြစ်ကာ ဗန်းမော်မြို့ကို ရရှိရေးအတွက် ထိုးစစ်ဆင်လာတာ တစ်လကျော်ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ဗန်းမော်မြို့က KIA ထိန်းချုပ်ထားတဲ့ နေရာတချို့ကို စစ်ကောင်စီက ပြန်လည်ရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြလာပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရတော့ KIA က မြို့ရဲ့ ၈၀ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

လက်ရှိအချိန်အထိ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ ၂၁) နေရာနှစ်ခုကို KIA က ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

နှစ်ဖက်ပြင်းထန်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေ အသုံးပြုကာ ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) က အရေးကြီးလူနာ ၁၅ ယောက်ကို သယ်ထုတ်သွားတယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိခဲ့သည့် သံချပ်ကာကား (ဓာတ်ပုံ CJ)

ဒဏ်ရာရထိခိုက်သေဆုံးသူတွေမှာ ဗိုလ်မှူးအဆင့်အထိ ပါဝင်တယ်လို့လည်း တပ်တွင်းသတင်းရင်းမြစ်ကိုအခြေခံပြီး ဖော်ပြထားပါတယ်။

KIA ဘက်ကတော့ ဗန်းမော်မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။

ဗန်းမော်မြို့ဟာ  စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ(၂၃၆)၊ ခလရ(၄၇)နဲ့ အမြောက်တပ်တွေဖြစ်တဲ့ အမတ(၃၃၆)၊ (၃၀၄)နဲ့ အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နဲ့ လက်ရုံးတပ်ရင်း ၅ ရင်းခန့် အခြေစိုက်ထားတဲ့ တပ်မြို့ပဲဖြစ်ပါတယ်။

KIA ဟာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ  ရှမ်းမြောက်က မဘိမ်းမြို့နဲ့ ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့နဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်များ မတိုက်ခိုက်မီ ဟိုင်းယုလမ်းဆုံတပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်၊ စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးက ဟိုင်းယုလမ်းဆုံရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ကာ ရှင်းလင်းရေးပြုလုပ်နိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်တပ်ဟာ အများပြည်သူရဲ့ဆန္ဒကို သွေဖယ်ပြီး အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီ က နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

ဘုတလင် သပိတ်အင်အားစုများ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း Billboard တွေကို မုံရွာ-ဘုတလင် ကားလမ်းမပေါ်နဲ့ ဘုတလင်မြို့အနီးမှာ သွားရောက်စိုက်ထူခဲ့ကြောင်း ဘုတလင်မြို့နယ် သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် Mobye Local PDF ရဲဘော် ၂ ဦး ပြင်းထန်ဒဏ်ရာရ၊ ဆေးကုသစဥ် ၁ ဦး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Mobye Local PDF က ရဲဘော် ၂ ယောက် အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရပြီး ၁ ယောက် ကျဆုံးသွားတယ်လို့ Mobye Local PDF က ထုတ်ပြန်ထားပါတယ်။
Read More

“စက်လှေမှာက ဘဏ်ဝန်ထမ်း ၃ဦးလောက်နဲ့ စစ်တပ်လုံခြုံရေး ၆၀ နီးပါးလောက် ပါပါတယ်။ ကျနော်တို့ ခန့်မှန်းသိသလောက်ကတော့ ဌာနဆိုင်ရာ ငွေကြေးအလွှဲအပြောင်းတွေလုပ်ရတဲ့ မြန်မာ့စီးပွားရေးဘဏ်ဖြစ်မယ်လို့ ယူဆပါတယ်”

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။