ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၊ ကျွဲဘောင်ဘင်အုပ်စု၊ ကျွဲဘောင်ဘင်ရွာနေ ပြည်သူ့စစ်သင်တန်းဆင်း ဝင်းကျော်နဲ့ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဂန့်ဂေါပင်ကျေးရွာနေ ပျူစောထီး ရှမ်းလေး(ခ) မိုးကြီးတို့ကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၃ရက် ညနေပိုင်းမှာ ပေါက်ခေါင်းမြို့၊ ကျွဲဘောင်ဘင်ရွာနေ အပတ်စဥ်(၁) ပြည်သူ့စစ်သင်တန်းဆင်း ဝင်းကျော်ကို PDF ၃၆၀၁ တပ်ရင်း၊တပ်ခွဲ(၄) က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ဝင်းကျော်ဟာ PDF တပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းမိရင် ငါးခူကိုဓားနဲ့မွှန်းသလို မွှန်းပြီးသတ်ဖြတ်သွားမယ်လို့ ခြိမ်းခြောက်ကြွေးကြော်ခဲ့သလို ပေါက်ခေါင်းမြို့နယ်၊ အုတ်ပုံရွာ ခလရ ၅၃ တပ်အတွင်း ပျူစောထီးသင်တန်း ၃လ တက်ရောက်ထားသူ ဖြစ်တယ်လို့လည်း PDF ၃၆၀၁ တပ်ရင်း Paungde PDF က ထုတ်ပြန်ပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ရွာနေ ပျူစောထီး ရှမ်းလေး (ခ) မိုးကြီး

“ကျနော်တို့က သူ့ကို ပစ်မှတ်ရယ်ကြီးလို ထားခဲ့တာတော့ မဟုတ်ဘူး။ သူက တောင်ပေါ်ဘက်ကိုတက်လာပြီးတော့ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းကို လာထောက်တယ်။ အဲ့လိုကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။” လို့ PDF ၃၆၀၁ တပ်ရင်း Paungde PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၂ရက် မနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းပေးနေတဲ့ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာနေ ပျူစောထီး ရှမ်းလေး(ခ) မိုးကြီးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်အထိ သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။

ဒီပစ်ခတ်ရှင်းလင်းမှုကိုတော့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ ၃၊ ၆ အပါအဝင် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်နဲ့ ပြည်ခရိုင်တွေထဲက မြို့နယ် ကျေးရွာတွေမှာ စစ်အုပ်စုလက်ပါးစေ ရပ်ကွက်အာဏာပိုင်ဆိုသူတွေနဲ့ ပြည်သူ့စစ် သတင်းပေးတွေ မကြာခဏဆိုသလို ပစ်ခတ်ရှင်းလင်းခံရမှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်မြို့ပေါ် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးသေဆုံးဟု ဆို

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့ပေါ်မှာ  အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ် ၁၅ ယောက်ထက်မနည်း ဖမ်းဆီးခံရကြောင်း Pyay UnderGround News -PUGN က ဖော်ပြပါတယ်။
Read More

အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ရာအိမ်မှူးကို သဲကုန်းပကဖ ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်း ဆိုသူကို စစ်ကောင်စီတပ်တွေ အလိုကျ မလုပ်ဆောင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပကဖ က ထုတ်ပြန်ထားပါတယ်။ 
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် စစ်ကောင်စီကာကင်းစခန်းတွေကို PDF ဗျူဟာ ၃ ခုနှင့် မဟာမိတ်တွေ ဝင်ရောက်စီးနင်းချေမှုန်း၊ စစ်ကောင်စီဘက်က ရဲမှူးအပါ ၁၀ ယောက် သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးနဲ့ညောင်လေးပင်မြို့နယ်တွေက စစ်ကောင်စီကာကင်းစခန်းတွေ တစ်ပြိုင်နက်တည်းဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ များခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
Read More

မိုးကုတ်မြို့တွင် ယနေ့မနက် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ကလေး (၁) ဦးအပါ ပြည်သူ (၃) ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် ပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ၁ နှစ်ကျော်အရွယ် ကလေးငယ် ဒဏ်ရာရကာ မိခင်ဖြစ်သူ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ၁ နှစ်ကျော်အရွယ် သားဖြစ်သူကတော့ ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။